အစိုးရသစ်ရဲ့ အပြောင်းအလဲအပေါ် လူငယ်တွေရဲ့အမြင်

အစိုးရသစ်ရဲ့ အပြောင်းအလဲအပေါ် လူငယ်တွေရဲ့အမြင်

ခုဆိုရင်အစိုးရသက်တမ်း တစ်နှစ်နီးပါးရှိလာတာနဲ့အတူ အပြောင်းအလဲတွေကို မြင်တွေ့ရမှာပါ။ အစိုးရပြောင်းလဲလာတာဟာ ကျွန်မတို့လူငယ်တွေရဲ့လူတစ်ဦးချင်းစီအပေါ် ဘယ်လိုအကျိုးသက်   ရောက်မှုတွေရှိလဲဆိုတာ လူငယ်တွေကို ကျွန်မ အခုပဲ လိုက်မေးကြည့်ပါမယ် ။

အစိုးရသစ်ပြောင်းလဲလာတာက ကျွန်တော့အတွက် ထွေထွေထူးထူးပြောင်းလဲလာတာ မရှိပါဘူး။ ပြောင်းလဲတယ်ဆိုလည်း နည်းနည်းပါးပါးပါပဲ။ အလုပ်တွေ ဘာတွေလျှောက်ရတာ လွယ်ကူလာတယ်။ ကျန်တာကတော့ ဘာမှမရှိပါဘူး။

-

 

ညီမအတွက်ဆိုရင်တော့ တစ်နေရာရာသွားလို့ရှိရင် အဲ့လိုမျိုးပေါ့နော်။ ဟို…အရင်လိုမျိုး ဘယ်လိုပြောမလဲ။ အရင်လိုမျိုးသွားရလာရတာ မခက်ခဲတော့ဘူးပေါ့နော်။ စည်းကမ်းတွေ ရှိလာတယ်။ ပြီးတော့ အဲ့ဒီလိုမျိုး လုံခြံုရေးတွေ၊ အဲ့ဒီလိုမျိုး ချပေးထားတဲ့ဟာကျတော့ပေါ့နော် အခက်အခဲလေးတွေကတော့ သွားရလာရတာတာက အစ နည်းနည်းပိုပြီးတော့ သွားလို့အဆင်ပြေတာပေါ့နော်။

 

 

 

စည်းကမ်းပိုင်းတွေပေါ့။ စည်းကမ်းပိုင်းတွေ၊ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းတွေ ပေါ့။ ပိုပြီးတော့ ကျွန်တော့အတွက် ပြောင်းလဲသွားတယ်လို့ထင်တယ်။ ကျွန်တော့အတွက် စည်းကမ်း တွေ ပိုရှိလာတယ်။ ကိုယ့်ကိုယ်ကိုလည်း ပြောင်းလဲရမယ်လို့ ကျွန်တော် နားလည်လာတယ်။

 

 

 

အစိုးရသစ် ပြောင်းလဲလာတာ ဘယ်လိုအကျိုးတွေ ရှိလဲဆိုတော့ပေါ့နော်။ အစားအသောက်စားတဲ့အတိုင်း အခွန်တွေပါ ကောက်ခံလာတယ် ။ အဲ့ဒီလိုမျိုးအတွက်ဘယ်လိုအဆင်ပြေမလဲဆိုတော့ နည်းနည်းအဆင့်အတန်းမြင့်လာတယ်လို့ထင်လာ တယ်။ တစ်ဖြည်းဖြည်းနဲ့ အဲ့ဒီလိုပေါ့ ။ အစိုးရ အဲ့လိုလုပ်တာလည်း ကောင်းပါတယ်။

 

 

 

လောလောဆယ်တော့ ဘာမှ မပြောင်းလဲသေးဘူး ခင်ဗျ ။ ကားလမ်းတွေ ပိတ်နေတုန်းပါပဲ ခင်ဗျ။

 

 

 

 

အရင်အစိုးရလက်ထက်တုန်းကလည်း ကားလမ်းတွေ ပိတ်နေတုန်း အခုထိလည်း ပိတ်နေတုန်း ပြောင်းလဲလာတာတော့ မရှိသေးပါဘူး။

 

 

 

 

အစိုးရသစ်ပြောင်းလာတာ ဘာတွေပြောင်းလဲလာလဲဆိုတာ ပြောဖို့အတွက်ကြတော့ နည်းနည်းစောသေးတယ်လို့ ထင်တယ်နော်။ ဘာလို့လဲဆိုတော့ အခုမှ သူတို့က လုံးဝကို Try(ကြိုးစား)နေတဲ့ အချိန်မှာပဲ ရှိသေးတယ်။ ပြောင်းလဲမယ်လို့ ထင်တယ်။ ယုံလည်း ယုံကြည်တယ်။ အားလည်း ကိုးတယ်။ အားကိုးတယ်ဆိုတာကကွာ သူတို့ကို အများကြီးကို ယုံကြည်ထားတယ်။ မျှော်လင့်သလို ဖြစ်လာမယ်လို့လည်း ထင်ထားတယ်။ ဒါပါပဲ အားလုံးက  Fighting ပဲ။

 

 

ညီမကတော့ သင်တန်းတက်နေတာဆိုတော့ သင်တန်းတွေ ဘာတွေတော့ တော်တော်များများ တိုးတက်ပြောင်းလဲလာတယ်လို့ ထင်တယ်။

 

 

 

 

ကျွန်တော့အတွက်ကတော့ ဘာမှ ထူးခြားမှု မရှိပါဘူး။ ထူးခြားမှုလည်း မတွေ့သေး၊ မမြင်သေးပါဘူး ။ ထူးခြားမှုကိုတော့ စောင့်ကြည့်နေပါတယ်။

 

 

 

 

ညီမအတွက်ကတော့ အခုနှစ်၊ အခုက တစ်လပိုင်းမဟုတ်လား။ ဒါပေမယ့် ထူးခြားတာ မရှိသေးပါဘူး။ ဒါပေမယ့် လူငယ်တွေကလည်း ကိုယ်ပြောင်းလဲမှ နိုင်ငံတော်ကလည်း ပြောင်းလဲမှာလေ ။

 

 

 

အစိုးရသစ်ပြောင်းလဲလာတာ ပညာရေးတွေလည်း ပြောင်းလဲလာတယ်လေ။ ပြီးတော့ အမြင်တွေ ကျယ်လာတယ်။ သင်တန်းတွေလည်း တက်လို့ရတယ်။

 

 

 

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသစ်က လူငယ်တွေရဲ့အနာဂတ် ၊ လူငယ်ရဲ့ အကျိုးကို ဘယ်လောက်ထိ ပြောင်းလဲစေလဲ ဆိုတာကို အခုလိုပဲ ကြားသိခဲ့ရတာပါ။ သူငယ်ချင်းတို့မှာ လည်း အစိုးရသစ်က သူငယ်ချင်းတို့တစ်ဦးချင်းအပေါ် ဘယ်လို အကျိူးသက်ရောက်မှုတွေနဲ့ ပြောင်းလဲစေခဲ့လဲဆိုတာကို  ကျွန်မတို့ရဲ့ YOPE ဖေ့ဘွတ်ခ် နဲ့ ၀က်ဘ်ဆိုက်တွေမှာ ၀င်ရောက်ပြီး ကွန်းမန့်လေးတွေ ဝေမျှသွားခဲ့ကြပါဦး ။။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly