အမျိုးသမီးတွေ စစ်ပွဲရဲ့ လက်နက်တစ်ခုအဖြစ် အသုံးချခံနေရ

11 January 2017
အမျိုးသမီးတွေ စစ်ပွဲရဲ့ လက်နက်တစ်ခုအဖြစ် အသုံးချခံနေရ

ကဲ အခုတော့ စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရသူတွေအတွက် ဘာတွေလိုအပ်နေသလဲ ဘယ်လိုတွေ ခံစားနေရသလဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောသလဲ နားထောင်ကြည့်ရအောင်ပါ။

မအဲမေ (ဒါရိုက်တာ)

ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးများကွန်ရက်

စစ်ပွဲရဲ့ နောက်ကွယ်မှာလို့ ပြောရတာထက် စစ်ပွဲရဲ့ ရှေ့ပိုင်းလို့ ကျွန်မတို့ ပြောချင်ပါတယ်။ အဲဒီတော့ unsecurity အခြေအနေကို ရောက်ဖို့ရာအတွက် ဖန်တီးပြီးမှသာလျင် စစ်ပွဲဆိုတဲ့ကိစ္စတွေ ကျွန်မတို့ ဝင်ရတယ်ပေါ့။ ဆိုတော့ မိန်းမတွေက နဂိုကတည်းကိုက သူတို့ရဲ့ သဘာဝကတည်းကိုက သူတို့မှာ Security ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ ထပ်ပြီးတော့မှပဲ ခုနကပြောသလိုပဲ ပတ်ဝန်းကျင်ရဲ့ စစ်ကိစ္စတွေ အခြားသက်ရောက်မှုတွေအဖြစ် အမျိုးသမီးတွေကို unsecurity ဖြစ်နေတာတွေက အများကြီးလို့ မြင်တွေ့ရပါတယ်။

ကျွန်မတို့တွေအနေနဲ့ကတော့ ဒီအမျိုးးသမီးတွေက စစ်ရှောင်စခန်း တော်တော်များများမှာ ကြည့်ရတဲ့အခါ နေတာက အိမ်သေးတယ် အခန်းလေးတွေသေးတယ် အဲတော့ အိမ်ထောင်သည် အမျိုးသမိးတွေအတွက်လည်း အခက်အခဲရှိတယ်။ အထူးသဖြင့် အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီးတွေအတွက်လည်း အခက်အခဲဖြစ်တယ်။ နေရတဲ့အခါမှာ တချို့ဆိုရင် Hall အတိုင်း မြင်ရတယ်။ တချို့ကျတော့ အခန်းလေးတွေနဲ့ နေရတယ်။ အဲဒီတော့ လင်မယားတွေကလည်း သူတို့ရဲ့ ရေးရာရှိတယ်။ အဲတော့ ဒီအမျိုးသမီးတွေက ဒီရေးရာတွေနဲ့ ပတ်သက်တဲ့အခါမှာ သူတို့မှာ ပွင့်ပွင့်လင်းလင်း ပြောဖို့ရာအတွက် နေရာတွေမရှိဘူး။ ဆိုတော့ အဲဒါနဲ့ ပတ်သက်တာတွေ ကျွန်မတို့မှာ မပေးနိုင်ဘူး။ အဲတော့ အခုလောလောဆယ်မှာတော့ အဖွဲ့တော်တော်များများ ပေးနေတာကတော့ ဆီပေးတယ် ဆန်ပေးတယ် ပေးနေကြတယ် ဒါပေမယ့် ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း အခြားအရာတွေ အမျိုးသမီးတွေကို အများကြီးပေးဖို့ လိုအပ်ပါတယ်လို့ ကျွန်မအနေနဲ့ မြင်ပါတယ်။

လွေးပိုးငယ် (အထွေထွေအတွင်းရေးမှူး)

တအာင်းအမျိုးသမီး အဖွဲ့အစည်း

အမျိုးသမီးတွေမှာက ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ရွာထဲမှာဆိုလို့ရှိရင် အများဆုံး စစ်သားဖြစ်တာက ယောကျ်ားလေးတွေ အမျိုးသားတွေ အများဆုံး စစ်သားဖြစ်တာများတယ်။ ဒါပေမယ့် သူတို့က စစ်သားသွားလုပ်တဲ့အခါမှာ ရပ်ရွာမှာမရှိဘူး အမျိုးသမီးနဲ့ ကလေးတွေပဲ ကျန်ခဲ့တယ်။ အဲလိုပဲ ကျန်ခဲ့တော့ စစ်ပွဲဖြစ်လာပြီဆိုလို့ရှိရင် အမျိုးသမီးနဲ့ ကလေးတွေပဲ ခံစားရတယ်။ ပြီးလို့ရှိရင် ထွက်မပြေးနိုင်တဲ့ လူအိုတွေပဲ ခံစားရတယ်။ အမျိုးသမီးတွေက ဘယ်လောက်ထိ ခံစားရလဲဆိုရင် ဥပမာအားဖြင့် အမျိုးသားတွေက စစ်သားသွားလုပ်တယ်။ သူတို့မှာ စစ်သားသွားလုပ်တာလား အလုပ်သွားလုပ်တာလားဆိုတာ သူတို့ကိုယ်သူတို့ မသိဘူး။ သိပိုင်ခွင့်လည်း မရှိဘူး။ အဲလိုဖြစ်နေတယ်။ ဒါပေမယ့် တပ်မတော်ဘက်ကလာပြီဆိုရင် မင်းတို့ စစ်ဆေးမေးမြန်းရင် အမျိုးးသမီးတွေကို မင်းတို့အမျိုးသားတွေ ဘယ်သွားတာလဲ။ မင်းတို့အမျိုးသားတွေ စစ်သားသွားလုပ်တာလား သူတို့က မသိဘူးလေ မသိပဲ စစ်ဆေးမေးမြန်းခံရတယ် နှိပ်စက်ခံရတဲ့ဟာတွေရှိတယ်။ ပြီးလို့ရှိရင် အမျိုးသမီးတွေကိုယ်တိုင်က ဗမာစကားနားမလည်ဘူး နားမလည်တဲ့အခါကျတော့ တချို့ဟာတွေက ဘုမသိဘမသိပဲနဲ့ အဖမ်းခံရတဲ့ အပိုင်းတွေလည်း ရှိတယ်။

နောက်တစ်ခုက အမျိုးသမီးတွေက စစ်ပွဲဖြစ်ပြီဆိုတာနဲ့ လက်နက်ကြီးတွေပစ်တဲ့ တပ်မတော်က အခုဆိုလို့ရှိရင် လေယာဉ်တွေသုံးလာတယ်။ အဲလိုသုံးလာပြီဆိုလို့ရှိရင် ရပ်ရွာတွေကို ပစ်လိုက်ပြီဆိုလို့ရှိရင် အိုးအိမ်တွေပျက်စီးတဲ့အပြင် မိခင်နဲ့ ကလေးတွေကို ထိခိုက်တဲ့ဟာတွေ အများကြီးရှိတာပေါ့။ အဲဒါကြောင့်မို့ အမျိုးသမီးတစ်ယောက်မှာဆိုလို့ရှိရင် စစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုး စစ်ပွဲရဲ့ လက်နက်တစ်ခုအဖြစ် အသုံးချခံနေရတာကို ကျွန်မတို့ မြင်နေရပါတယ်။

မဇ္ဈိမ

ငြိမ်းချမး်ရေးအတွက် စကားသံတွေကို ကြားခဲ့ရပြီဆိုတော့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အမျိုးသမီးတွေ ပိုပါဝင်လာအောင် ဆောင်ရွက်သွားမယ့်အကြောင်းကို ဆက်လက် တင်ဆက်ပေးပါမယ်။ 

ငြိမ်းချမ်းရေးအတွက် ကျား/မ တန်းတူရေး မဟာမိတ်အဖွဲ့ A.G.I.P.P ရဲ့ နှစ်ပတ်လည်အစည်းအဝေးကနေ သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အောက်တိုဘာလ ၂၁ - ၂၂ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြံုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ နှစ်ရက်တာ လုပ်ဆောင်မှုအပြီးမှာ ဒီသဘောထား ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီသဘောထား ထုတ်ပြန်ချက်ထဲမှာတော့ ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေ တွေ့ကြံုနေရတဲ့ လုံခြံုရေးပြဿနာတွေဖြစ်တဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်ခြင်း တရားဥပဒေ စိုးမိုးမှု အားနည်းခြင်း လူကုန်ကူးခံရမှု တိုးမြင့်လာခြင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုတွေကြောင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်ခြင်း အမျိုးသမီးများ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေနဲ့ ပြန်လည်နေရာချထားရေးတွေမှာ ပါဝင်ဆောင်ရွက်ခွင့် မရှိခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲအပြီး ဆက်လက်လုပ်ဆောင်သွားမှာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆန္ဒဖော်ထုတ်တာတွေ စည်းရုံးလှုံ့ဆော်တာတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ အမျိုးသမီးတွေ နိုင်ငံရေးဆွေးနွေးမှု အဆင့်တိုင်းမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်း အဓိပ္ပာယ်ပြည့်ဝ ပါဝင်ဆောင်ရွက်ဖို့ လုပ်ဆောင်မှာတွေ ညှိနှိုင်းဆောင်ရွက် အဖြေရှာတဲ့ ငြိမ်းချမ်းသော ယဉ်ကျေးမှုတစ်ရပ် ရှင်သန်ထွန်းကားလာရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေကို အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

AGIPP အဖွဲ့ဟာ အမျိိုးသမီးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကဏ္ဍကို ဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ကျားမရေးရာ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၈ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

Mizzima Weekly