သမ္မတအား အသရေဖျက်မှုဖြင့် အယ်ဒီတာနှစ်ဦးအား ဒဏ်ငွေ တစ်သန်းစီချမှတ်

သမ္မတအား အသရေဖျက်မှုဖြင့် အယ်ဒီတာနှစ်ဦးအား ဒဏ်ငွေ တစ်သန်းစီချမှတ်

သမ္မတဦးသိန်းစိန်းအား အသရေဖျက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိသည့် မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာနှစ်ဦးကို ဒဏ်ငွေ ကျပ် တစ်သန်းစီ အသီးသီး ချမှတ်လိုက်သည်။

ယင်းဂျာနယ်မှ ဖော်ပြသည့် နိုင်ငံရေးအကဲခတ်တဦးနှင့် အင်တာဗျူးသည် သမ္မတဦးသိန်းစိန်အား ဝေဖန်တိုက်ခိုက်သည်ဟုဆို၍ ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ပြန်ကြားရေးဝန်ကြီးဌာနက စွဲဆိုခြင်းဖြစ်သည်။ ဂျာနယ်၏ ကျန်အခြားဝန်ထမ်းကိုးဦးကိုမူ တရားသေလွှတ်ပေးလိုက်သည်။

ငွေဒဏ်ချမှတ်ခံရသူများမှာ ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနှင့် ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်း တို့ကို မီဒီယာဥပဒေသစ်ဖြင့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြသည်။

လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များကမူ ယခုကဲ့သို့ တရားစွဲဆိုဒဏ်ခတ်မှုသည် နိုဝင်ဘာရွေးကောက်ပွဲ လမတိုင်မီ မီဒီယာများကို နှိပ်ကွပ်ရန် ကြိုးပမ်းမှုတစ်ရပ်ဟု ပြောကြားကြသည်။     
Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly