နော်ဝေလူငယ်ကြယ်ပွင့် အော်ဒီဂတ် ဟီရန်ဗင်းအသင်းဆီ ၂၀၁၈ ခုနှစ်အထိ အဌားနဲ့ ပြောင်းရွှေ့

နော်ဝေလူငယ်ကြယ်ပွင့် အော်ဒီဂတ် ဟီရန်ဗင်းအသင်းဆီ ၂၀၁၈ ခုနှစ်အထိ အဌားနဲ့ ပြောင်းရွှေ့
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်မှ နယ်သာလန် ကလပ် ဟီရန်ဗင်းအသင်းဆီ ၂၀၁၈ ခုနှစ်အထိ အဌားနဲ့ ပြောင်းရွှေ့သွားတဲ့ နော်ဝေလူငယ်ကြယ်ပွင့် မာတင် အော်ဒီဂတ်ကို အသင်းက အင်္ဂါနေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

"ဒီအဌားနဲ့ အပြောင်းအရွှေ့ဟာ ကျနော်ရဲ့ တိုးတက်မှု ဆက်လက်ဖြစ်ပေါ်စေဖို့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ"လို့ အော်ဒီဂတ်က သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ နော်ဝေရဲ့ Stromsgodset အသင်းကနေ  ရီးယဲလ်အသင်းဆီ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ရောက်ရှိခဲ့ပြီး ရီးယဲလ်လူငယ်အသင်းမှာ ကစားခဲ့ပါတယ်။

အော်ဒီဂတ်ဟာ ရီးယဲလ် ပထမအသင်းနဲ့ ပါဝင်ခွင့် ရရှိဖို့ ခက်ခဲခဲ့ပြီး ၂၀၁၅ ခုနှစ် မေ ၂၃ ရက်နေ့က ဂီတာဖေးနဲ့ ပွဲစဉ်မှာ သူဟာ ပထမဆုံး ပွဲထက်ခွင့်ရခဲ့တာကြောင့် အသက် ၁၆ နှစ်နဲ့ ၁၅၆ ရက်ဖြင့် အသင်းရဲ့ သမိုင်းကြောင်းမှာ အသက်အငယ်ဆုံး ကစားသမားဖြစ်လာပါတယ်။

"ပထမအသင်းမှာ ကစားသမားကောင်းများစွာ ရှိနေလို့ ပွဲထွက်ခွင့်အတွက် အခက်အခဲအရ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ မာတင် အော်ဒီဂတ်က ပြောပါတယ်။

"ကျနော် ဟီရန်ဗင်းအသင်းနဲ့ ပူးပေါင်းရတာ အလွန်ပျော်ရွှင်ပါတယ်။ ဒီအသင်းမှာ ကျနော်ရဲ့ စွမ်းရည်တွေကို ပြသဖို့ အခွင့်အရေးတစ်ခု ရှိနေမှာဖြစ်ပါတယ်"လို့ နော်ဝေကစားသမားက ပြောပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags