ထိုင်းတောင်ပိုင်းရေကြီးမှု ပိုမိုဆိုးဝါးကာ သေဆုံးသူ ၂၅ ဦးရှိပြီး လူတစ်သန်းကျော် ရေဘေးကြံုနေ

ထိုင်းတောင်ပိုင်းရေကြီးမှု ပိုမိုဆိုးဝါးကာ သေဆုံးသူ ၂၅ ဦးရှိပြီး လူတစ်သန်းကျော် ရေဘေးကြံုနေ

ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ။           ။ သီတင်းပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ထိုင်းတောင်ပိုင်းနေရာတော်တော်များများ ရေကြီးရေလွှမ်းမှုများ ကြံုနေရကာ ရေဘေးကြံုပြည်သူ တစ်သန်းကျော်ထက်မနည်းအား အစိုးရက အထောက်အပံ့များ ပိုမိုထောက်ပ့ံနေရလျက်ရှိသည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဆုံးဖြစ်သည့် ယခုရေဘေးတွင် သေဆုံးသူဦးရေမှာ ၂၅ ဦးရှိသွားပြီး နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးတားဆီးရေးဌာနက ပြောသည်။

"တောင်ပိုင်းပြည်နယ် ၁၂ ပြည်နယ်မှာ အိမ်ထောင်စုပေါင်း ၃၆၉၆၈၀ က လူပေါင်း ၁ ဒဿ ၁ သန်းကျော် ရေဘေးကြံုနေတာဖြစ်တယ်။" ဟုဌာန၏ အကြီးအကဲ ပရွမ်လတ်က ပြောသည်။

ပြည်သူများအနေဖြင့် ရေကြီးမှုပညာပေးသတိပေးချက်များကို သတိထားနားထောင်သင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။

ထိုင်းနိုင်ငံသည် ခြောက်သွေ့ရာသီက နိုဝင်ဘာနှောင်းပိုင်းတွင် ကုန်ဆုံးပြီး ဇန်နဝါရီလအတွင်း မိုးသည်းထန်ရေကြီးမှုများက ကြံုခဲသည်။ ယခုရာသီဖောက်ပြန် မိုးသည်းထန်မှုကို ပြည်နယ် ၆၇ ခုရှိရာတွင် ၁၂ ခုက ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly