မန္တလေးရှိ မိဘစျေးကို ရှေးဟောင်းအမွေအနှစ်ဆောက်အအုံအဖြစ် ထိန်းသိမ်းသွားမည်

မန္တလေးရှိ မိဘစျေးကို ရှေးဟောင်းအမွေအနှစ်ဆောက်အအုံအဖြစ် ထိန်းသိမ်းသွားမည်

ဇန်နဝါရီ ၁၀၊ ။           ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ နှစ်ပေါင်း ၁၅၀ကျော်သက်တမ်းရှိသည့် မိဘစျေးကို ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းသွားရန် ရှေးဟောင်းသုသေတနဦးစီးဌာနသို့ တင်ပြရန် စီစဉ်ထားသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဇန်နဝါရီလ ၁၀ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် ပြောကြားသည်။

အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ်(၁)မှ ဒေါက်တာညီမင်းဟန်က နှစ်ပေါင်း ၁၅၀ခန့်ရှိ မိဘစျေးအား အဆင့်မြင့်စျေးအဖြစ် ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို   မြို့တော်ဝန်ဒေါက်တာရဲလွင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် ဒေါက်တာရဲလွင်က "မိဘစျေးမှာ စျေးရောင်းချနေသူက ၄၀ လောက်ပဲ ရှိတယ်။ မိဘစျေးဟာ သမိုင်းဝင်ရှေးကျတဲ့ အဆောက်အဦဖြစ်တာကြောင့်   ပြင်ဆင်ဆောက်လုပ်မည်ဆိုပါက   ရှေးဟောင်းသုသေတနဦးစီးဌာနနဲ့ ညှိနှိုင်းရန်လိုအပ်ပါတယ်။ မိဘစျေးဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံဖြစ်သာ ပြုပြင်ဆောင်ရွက်မွမ်းမံသွားမှာဖြစ်ပါတယ်"ဟု ပြောသည်။
မိဘစျေးသည် ဆရာစံစျေးနှင့်နီးစပ်နေသောကြောင့် အဆင့်မြင့်ပြန်လည်ပြုပြင်ပါကလည်း မစည်ကားနိုင်ခြင်းကြောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံဖြစ်သာ   ပြုပြင်ဆောင်ရွက် မွမ်းမံသွားမှာ ဖြစ်သည်ဟုလည်း ဒေါက်တာရဲလွင်က ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly