တောင်ကိုရီးယားတွင် သမ္မတ ဆန့်ကျင်ရေး ဆန္ဒြုပပွဲများအတွင်း ဘုန်းတော်ကြီးတစ်ပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြရင်း ပျံလွန်တော်မူ

တောင်ကိုရီးယားတွင် သမ္မတ ဆန့်ကျင်ရေး ဆန္ဒြုပပွဲများအတွင်း ဘုန်းတော်ကြီးတစ်ပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြရင်း ပျံလွန်တော်မူ

ဇန်နဝါရီ ၁၀ ။                     ။ တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးမှာ သမ္မတ ပက်ဂွမ်ဟေးအား ဆန့်ကျင် ဆန္ဒပြမှုများအတွင်း ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ပြီးနောက် ယခုအခါ ပျံလွန်တော်မူသွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သက်တော် ၆၄ နှစ်ရှိ ဘုန်းတော်ကြီးမှာ ဇန်နဝါရီ ၈ ရက်က ဆိုးလ်မြို့လယ်ရှိ ဆန္ဒပြပွဲများအတွင်း ၎င်းကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့သူဖြစ်သည်။ ယင်းနေ့က နိုင်ငံသမ္မတအား ချက်ချင်း ရာထူးမှ ဖယ်ရှားရေး   တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထောင်ပေါင်းများစွာ စုဝေးတက်ရောက်ခဲ့ကြသည်။

ဘုန်းတော်ကြီးမှာ ခန္ဓာကိုယ်နှင့် မျက်နှာအနှံ့အပြားတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ဇန်နဝါရီ ၉ ရက်ညပိုင်းက ပျံလွန်တော်မူသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပျံလွန်တော်မမူခင်အချိန်က ဘုန်းတော်ကြီးမှာ ခြစားမှုဖြင့် စွဲချက်တင်ခံထားရသော သမ္မတ အား ဖမ်းဆီးရေး အာဏာပိုင်များအား တိုက်တွန်းသည့် စာတစ်စောင်ကိုလည်း   ရေးပြီးထားသွားခဲ့သည် ဟုလည်း သိရသည်။

အလားတူ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားများအတွက် တောင်ကိုရီးယားအမျိုးသမီးများကို လိင်ကျွန်များအဖြစ် ဖြေဖျော်ခိုင်းခဲ့ခြင်းတို့အတွက် နစ်နာကြေးပိုင်းနဲ့ ပတ်သက်၍ ဂျပန်နှင့် သဘောတူညီချက် ရယူခဲ့သည့်အပေါ် ယင်းဘုန်းတော်ကြီးက သမ္မတ ပက်အား တိုင်းပြည်သစ္စာဖောက်အဖြစ် ခေါ်ဝေါ် သုံးနှုန်းသွားခဲ့သေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly