ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် Webportal တိုက်ခိုက်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် Webportal တိုက်ခိုက်ခံရ
 

ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် Webportal ဖြစ်သော www.moi.gov.mm ကို DoS attack ဖြင့် တိုက်ခိုက်ခံရပြီး ပြည်ပအခြေပြု IP လိပ်စာများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဇန်နဝါရီ ၉ ရက်မှစတင်ပြီး www.moi.gov.mm ကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ပြည်ပနိုင်ငံများနှင့် မိုဘိုင်းဖုန်းများမှ ကြည့်ရှု၍ မရသေးကြောင်း ထုတ်ပြန်ထားပြီး   ပြည်တွင်းပြည်ပ မိုဘိုင်းဖုန်းများမှ ပြန်လည်ကြည့်နိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ရ ရက်မှ စတင်ပြီး DoS attack ဖြင့်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၈ ရက်တွင် မနက်၄ နာရီတွင် Webportal ကို ကြည့်ရှု၍ မရတော့ကြောင်း သိရသည်။

ထို့ကြောင့် MPT Gateway အတွင်းသို့ ဝင်ရောက် လာသော အန္တရာယ်ရှိသည့် IP များကို ပိတ်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly