အလောင်းတော်ကဿပသို့ ပြေးဆွဲသော ဘုရားဖူးယာဉ်လိုင်းများ နှစ်ဆတိုး

အလောင်းတော်ကဿပသို့ ပြေးဆွဲသော ဘုရားဖူးယာဉ်လိုင်းများ နှစ်ဆတိုး
အလောင်းတော်ကသပသို့ဘုရားဖူးလာရောက်ကြသူများ (ဓါတ်ပုံ-Linn Maung)

မုံရွာ၊ ဇန်နဝါရီ ၁၀ ။          ။ အလောင်းတော်ကဿပသွားရာလမ်း ဇန်နဝါရီလ ရ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြေးဆွဲသောယာဉ်လိုင်းများ နှစ်ဆတိုးလာကြောင်း အဆိုပါယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။

အလောင်းတော်ကဿပသို့ ပြေးဆွဲသော ဘုရားဖူးယာဉ်လိုင်းများမှာ ယခုနှစ်တွင် (၁၀)လိုင်းကျော်ရှိပြီး ယမန်နှစ်က ယာဉ်လိုင်း(၅)လိုင်းသာရှိကြောင်း သိရသည်။

"နှစ်ဆတိုးလာတယ်။ မနှစ်က (၅)လိုင်း ပဲရှိတယ်။ ဒီနှစ်(၁၀)လိုင်း ကျော်တယ်။ လမ်းပိုင်းကလည်းကောင်းတယ်။ ဒီနှစ်မှာ ဘုရားဖူးတွေအရမ်းစိတ်ဝင်စားကြတယ်။ ဒါ့ကြောင့်မို့ ဘုရားဖူးလာရောက်သူ များလာတယ် "ဟု My Monywa ဘုရားဖူးပို့ဆောင်ရေးမှ ဦးလင်းလင်းမောင်က ပြောသည်။

အလောင်းတော်ကဿပသို့ ဘုရားဖူးလာရောက်ကြရာတွင် ရန်ကုန်၊ မန္တလေးမှ ဘုရားဖူးများပါ လာရောက်ကြပြီး မုံရွာမှ ကားစင်းလုံးပြတ်ငှားကာ သွားရောက်ကြကြောင်း သိရသည်။

အလောင်းတော်ကသပသို့ ဘုရားဖူးကားများ ပို့ဆောင်ရာတွင် ကားအမျိုးအစားအလိုက် (၇)ဦး၊ (၁၁)ဦး၊ (၁၅)ဦး စသဖြင့်ပြေးဆွဲကြောင်း တစ်ဦးလျှင် ကားခ (၁၃၀၀၀)ကျပ်ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly