အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်များမဲခွဲ

အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်များမဲခွဲ

ဇန်နဝါရီ ၁၀၊ အင်္ဂလန်။           ။ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်များအတွက် မဲခွဲခဲ့ရာ လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းသည် ဝီဂန်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဝီဂန်အသင်းလက်ရှိနည်းပြ ဝါရန်ဂျွိုက်စ်သည် မန်ချက်စတာယူနိုက်တက် အကယ်ဒမီနည်းပြအဖြစ် ရှစ်နှစ်ကြာတာဝန်ထမ်း ဆောင်ဖူးသူဖြစ်ပြီး အိုးထရက်ဖို့ဒ်သို့ လာရောက်ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးအသင်းမှာ အိမ်နီးချင်းကလပ် ဘရန့်ဖို့ဒ်နှင့်ကစားရမည်ဖြစ်သည်။ လက်စတာအသင်းမှာ ဒါဘီကွင်းသို့ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။

မန်ချက်စတာစီးတီးအသင်းမှာ ခရစ္စတယ်ပဲလေ့စ် သို့မဟုတ် ဘောလ်တန်အသင်းနှင့်ကစားရမည်ဖြစ်သည်။ ပလိုင်းမောက်နှင့် လီဗာပူးလ် ပွဲစဉ်မှအနိုင်ရသည့်အသင်းမှာ ဝုဗ်နှင့်ကစားရမည်ဖြစ်သည်။

အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်များကို ဇန်နဝါရီ ၂၈ တွင် ကစားရမည်ဖြစ်သည်။

အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်များ

စပါး - ဝိုင်ကွန်ဘီ

ဒါဘီ - လက်စတာ

အောက်စ်ဖို့ဒ် - နယူးကာဆယ် (သို့) ဘာမင်ဂမ်

ဝင်ဘယ်ဒမ် (သို့) ဆပ်တန် - ကမ်းဘရစ်ချ် (သို့) လိဒ်

ပလိုင်းမောက် (သို့) လီဗာပူးလ် - ဝုဗ်

ဆောက်သမ်တန် (သို့) နော်ရစ်ချ် - အာဆင်နယ်

လင်ကွန်း (သို့) အစ်ဆွစ်ချ် - ဘရိုက်တန်

ချယ်လ်ဆီး - ဘရန့်ဖို့ဒ်

မန်ချက်စတာယူနိုက်တက် - ဝီဂန်

မီဝေါလ် - ဝက်ဖို့ဒ်

ရော့ချ်ဒေး - ဟက်ဒါဖီးလ်

ဘန်လေ (သို့) ဆန်းဒါးလန်း - ဖလိတ်ဝုဒ် (သို့) ဘရစ္စတိုး

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly