ပြီးခဲ့သည့်ရာသီက ၀ိညာဉ်တစ်ခုကဲ့သို့ ဖြစ်ခဲ့ကြောင်း ဟက်ဇက်ဝန်ခံ

ပြီးခဲ့သည့်ရာသီက ၀ိညာဉ်တစ်ခုကဲ့သို့ ဖြစ်ခဲ့ကြောင်း ဟက်ဇက်ဝန်ခံ

ဇန်နဝါရီ ၁၀၊ လန်ဒန်။         ။ ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီတွင် ၎င်းမှာ ၀ိညာဉ်တစ်ခုကဲ့သို့ ဖြစ်ခဲ့ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး ဟက်ဇက်က ၀န်ခံပြောဆိုလိုက်သည်။

ဟက်ဇက်သည် ၂၀၁၄-၁၅ ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ရရှိခဲ့သလို ပီအက်ဖ်အေ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။ သို့သော် ၂၀၁၅-၁၆ ရာသီတွင် ဆိုးဆိုးရွားရွားခြေစွမ်းကျဆင်းခဲ့ပြီး နည်းပြမော်ရင်ဟိုထွက်ခွာသွားခဲ့သည့်အချန်အထိ ပရီးမီးယားလိဂ်တွင် ဂိုးသွင်းယူနိုင်ခြင်းပင် မရှိခဲ့ပေ။

သို့သော် ယခုနှစ်ရာသီသစ်တွင် နည်းပြသစ်ကွန်တီ၏ လက်အောက်၌ ဟက်ဇက် ပြန်လည်ခြေစွမ်းပြလာခဲ့ပြီး ချယ်လ်ဆီးအသင်းကို အမှတ်ပေးဇယားထိပ်တွင် ရပ်တည်နိုင်အောင် ကူညီပေးထားနိုင်သည်။

ထို့ကြောင့် ဟက်ဇက်က ‘လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ ကျွန်တော်က အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ ၀ိညာဉ်တစ်ခုလိုပါပဲ။ နောက်တစ်ကြိမ်ခြေစွမ်းပြပြီး ဆုဖလားတွေ ရယူလိုပါတယ်။

ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုက အရေးကြီးသလို ကျွန်တော်တစ်ခါမှ မရဖူးသေးတဲ့ အက်ဖ်အေဖလားကလည်း အရေးကြီးပါတယ်’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly