Miss Myanmar Universe 2015 ပြိုင်ပွဲဝင် အလှမယ်များ၏ ကိုယ်စားပြုပစ္စည်း များလေလံ တင်ရောင်းချမည်

Miss Myanmar Universe 2015 ပြိုင်ပွဲဝင် အလှမယ်များ၏ ကိုယ်စားပြုပစ္စည်း များလေလံ တင်ရောင်းချမည်
Miss  Universe  Myanmar 2014 ဆုရရှိသူများကို တွေ့ရစဉ်။

ရန်ကုန် ၊ ဇူလိုင် ၂၁ ။        ။ Miss Myanmar Universe 2015 ပြိုင်ပွဲဝင်မည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အလှမယ်များ၏ National Costume ပြိုင်ပွဲနှင့် ပြည်နယ် ကိုယ်စားပြု  အမှတ်တရ ပစ္စည်းများ လေလံတင် ရောင်းချ မည့်ပွဲကို စက်တင်ဘာ ၃၀ ရက် တွင် သီးသန့်ကျင်းပ ပြုလုပ်မည် ဖြစ်သည်ဟု Miss Myanmar Universe Organization ၏  National Director ဒေါ်စိုး ယုဝေက မဇ္ဈိမကို ပြောသည်။

National Costume ပြိုင်ပွဲ နှင့် အလှမယ်များ၏ ပြည်နယ်နှင့်တိုင်း ကိုယ်စားပြု အမှတ်တရပစ္စည်း များလေလံတင်ရောင်းချပွဲတွင် Best Costume Award ချီး မြှင့်မည် ဖြစ်ပြီး ပစ္စည်း ရောင်းချပွဲမှ ရရှိ လာသည့် အလှူငွေ များ ကို ကလေးငယ်နှင့် အမျိုးသမီး များနှင့် သက်ဆိုင်သည့် နေရာများတွင် လှူဒါန်း သွားမည် ဖြစ်သည်။

ဒေါ်စိုးယုေ၀ က "  မြို့တွေက မတူညီတဲ့နောက်ခံသမိုင်းတွေနဲ့ လာကြမှာဆိုတော့ ကိုယ့်ဘာသာ National Costumeလေးတွေ လုပ်လာကြပြီး အဲတာလေးကို သက်သက် ပြိုင်ပွဲ အနေနဲ့ လုပ်ပေး မယ်။ သူတို့ဆီက အမှတ်တရ ပစ္စည်းလေးတွေ လဲလေလံ တင်ပွဲလေး လုပ်မယ်။ ရတဲ့ ငွေတွေကို အသင်းအဖွဲ့တွေကို လှူဖို့ စီစဉ်ထားပါတယ်" ဟု ပြောသည်။

Miss Myanmar Universe အဖွဲ့အစည်းမှ ကြီးမှုး ကျင်းပမည့် Miss Myanmar Universe 2015 တွင် မြို့ကြီး များမှ ကိုယ်စားပြု အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တာဝန်ယူ ဆောက်ရွက်လိုသည့် City Director များကိုလည်း  ၂၀၁၅ ခုနှစ်အတွက် (၁၄) ဦး ခန့်အပ်ပြီးဖြစ်သည်။

ထို မြို့ကြီး များမှ ကိုယ်စားပြု အလှမယ် (၁၄)ဦးသည် Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲ ဆန်ခါတင်(၂၀)ဦး စာရင်းတွင် တိုက်ရိုက် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

လက်ရှိတွင် မုံရွာမြို့ ကိုယ်စားပြု အဖြစ် Miss Universe Monywa 2015 ဇွန်ပြည့်ဖြိုးမော် ၊ မန္တလေးတိုင်း ကိုယ်စားပြု အဖြစ် Miss Universe Mandalay 2015  ဟန်လေး၊ စစ်တွေမြို့ ကိုယ်စားပြု အဖြစ် Miss Universe Sittwe 2015 ချိုချိုထွန်း ၊ ပုသိမ်မြို့ ကိုယ်စားပြု အဖြစ် Miss Universe Pathein 2015 အိန်ဂျယ်မေ တို့ကို ရွေးချယ်ပြီး ဖြစ်သည်။

ကျန်ရှိနေသည့်  လားရှိုး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ မြစ်ကြီးနား၊ နေပြည်တော်၊ ပြည်၊ ပဲခူး၊ မော်လမြိုင်၊ ထားဝယ်နှင့် မြိတ် တို့မှ အလှမယ်များကိုလည်း ထပ်မံ ရွေးချယ် သွားမည် ဖြစ်သည်။

Miss Universe Mandalay Organization မှ City Director ကိုရွှေမန်းသား က  "  အခုလို ပြည်နယ် ၊ တိုင်း အသီးသီး City Director တွေက တာဝန်ယူပြီး ရန်ကုန်က ပြိုင်ပွဲကို ပို့ပေး ရမယ် ဆိုတော့ အနယ်နယ် အရပ်ရပ် မှာ အရည်အချင်း ရှိပြီး တော့ တစ်ယောက်ချင်းစီ ထွက်လာတဲ့ အတွက် သဘောကျတယ်" ဟု ပြောသည်။

Miss Myanmar Universe 2015 နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၃ရက်တွင် ရန်ကုန်မြို့ Gandamar Whole Sale ၏ Grand Ball Room ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး မြို့ကြီး ၁၄မြို့ ကိုယ်စားပြု အလှမယ်များနှင့် ရန်ကုန်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် Finalist Contestants (၆) ဦး စုစုပေါင်း ဆန်ကာတင် ၂၀ ဦးတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly