အာဆင်နယ်နှင့် တိုက်စစ်မှူး ဂီရော့ဒ်တို့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေ

အာဆင်နယ်နှင့် တိုက်စစ်မှူး ဂီရော့ဒ်တို့ စာချုပ်သက်တမ်းတိုးရန် နီးစပ်နေ

ဇန်နဝါရီ ၁၀၊ လန်ဒန်။           ။ အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်က အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဖြစ်ကြောင်း ၀န်ခံပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့သည့် ဂီရော့ဒ်သည် ယခုနှစ်ရာသီတွင် အရန်တိုက်စစ်မှူးအဖြစ်သာ ကစားခွင့်ရရှိခဲ့သော်လည်း သူ၏ပုံစံကောင်းကို ပြသနိုင်ခဲ့ပြီး အသင်းတွင် နေရာပြန်လည်ရရှိနေပြီ ဖြစ်သည်။ ဂီရော့ဒ်မှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်လေးပွဲတွင် လေးဂိုးသွင်းနိုင်ခဲ့ကာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့သည်။

‘စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ ကျွန်တော်တို့ သဘောတူညီမှု ရရှိပြီးပါပြီ။ ဒါက ယုံကြည်မှုကိုလည်း တိုးလာစေပါတယ်။ အာဆင်နယ်မိသားစုဝင်တွေအတွက် ဆက်လက်ပြီးတော့ ကြိုးစားသွားလိုပါတယ်။ ဒီအသင်းမှာ ကစားရတာ ကျွန်တော့်အတွက် တကယ်ကောင်းပါတယ်။

နည်းပြအာစင်ဝင်းဂါးနဲ့စကားပြောတိုင်း သူက ကျွန်တော်ဟာအသင်းအတွက် အရေးပါတဲ့သူဖြစ်တယ်ဆိုတာကို အမြဲပြောပါတယ်။ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း ကျွန်တော်သိပါတယ်။ စိတ်ရှည်သည်းခံပြီးလေ့ကျင့်နေဖို့ပဲ လိုပါတယ်၊ ကျွန်တော့်ရဲ့အချိန်တွေလာပါလိမ့်မယ်’ ဟု ဂီရော့ဒ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly