ဆီးရီးယားရှိ အဓိက ဓါတ်ငွေ့စက်ရုံကို အိုင်အက်စ်တို့ ဖောက်ခွဲဖျက်ဆီး

ဆီးရီးယားရှိ အဓိက ဓါတ်ငွေ့စက်ရုံကို အိုင်အက်စ်တို့ ဖောက်ခွဲဖျက်ဆီး

ဇန်နဝါရီ ၁၀ ။          ။ ဆီးရီးယားတစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓါတ်အား သုံးပုံ ပုံတစ်ပုံခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးနေခဲ့သော သဘာဝ ဓါတ်ငွေ့စက်ရုံတစ်ခုကို အစ္စလမ္မစ် နိုင်ငံတော် အကြမ်းဖက်အဖွဲ့က   ဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

"အရှေ့ခြမ်းက Homs ဒေသမှာ တည်ထားတဲ့ Hayyan ဓါတ်ငွေ့စက်ရုံကို ဒီနှစ်ရက်အတွင်းမှာပဲ အိုင်အက်စ်တို့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပါပြီ၊ လုံ့ဝကို ပျက်စီးသွားပါပြီ" ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စက်ရုံပေါက်ကွဲပျက်စီးသွားသည့် သတင်းကို ဆီးရီးယား ရေနံဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက အတည်ပြုသွားခဲ့သည်။

ယခုပေါက်ကွဲပျက်စီးသွားခဲ့ပြီဆိုသော ယင်းစက်ရုံမှာ ပြီးခဲ့သည့် တစ်လအကြာကတည်းက ဒေသအခြေအနေတစ်ချို့ကြောင့် လည်ပတ်မှုများ ရပ်ဆိုင်းထားခဲ့ရသည်ဟု သိရသည်။

သတင်းများအရ အဆိုပါ စက်ရုံမှာ လည်ပတ်စဉ်အခါက တစ်နေ့လျင် ဓါတ်ငွေ့ ကုဗမီတာပေါင်း ၃ ဒသမ ရ သန်းထိ  ထုတ်လုပ်ပေးနေခဲ့သည်ဟုလည်း သိရသည်။

အလားတူ အဆိုပါစက်ရုံမှ ထုတ်လုပ်ပေးလိုက်သော ဓါတ်ငွေ့များကို Damascus ၊ Hama နှင့် Homs ဒေသများအတွက် လျှပ်စစ်ထုတ်လုပ်ရန် အသုံးပြုခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly