၂၀၁၆ ခုနှစ် ဖီဖာ ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

၂၀၁၆ ခုနှစ် ဖီဖာ ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၉ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့မှာ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ခရစ္စတီယာနို စီရော်နယ်လ်ဒိုက ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ ပြိုက်ဘက်ကစားသမား မက်ဆီကို ကျော်ဖြတ်ပြီး ၄ ကြိမ်မြောက်အဖြစ် ၂၀၁၆ ရွှေဘောလုံးဆု Ballon d'Or ကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုအတွက် ရေပန်းစားတဲ့ ပေါ်တူဂီတိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီက အဓိက ဆုဖလားတွေဖြစ်တဲ့ ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ်ဖလား၊ ပေါ်တူဂီအသင်းနှင့် ယူရိုချန်ပီယံ ဖလားများရရှိခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို မဲပေးမှု စုစုပေါင်းရလဒ်မှာ စီရော်နယ်လ်ဒိုက ၃၄.၅၄ ရာခိုင်နှုန်း၊ မက်ဆီက ၂၆.၄၂ ရာခိုင်နှုန်းနှင့် ဂရစ်ဇ်မန်းက ရ.၅၃ ရာခိုင်နှုန်း ရရှိခဲ့ကြပါတယ်။

စီရော်နယ်လ်ဒိုက FIFA အကောင်းဆုံးဆုကို လေးကြိမ်မြောက် (၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆) ဆွတ်ခူးရရှိတာဖြစ်ပါတယ်။

ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၆ ခုနှစ် တစ်နှစ်တာ The Best အကောင်းဆုံးဆုများ

  • အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု - စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)
  • အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆု - ကာလီလွိုက်ဒ် (ဟူစတန်ဒက်ရှ်/အမေရိကန်)
  • အကောင်းဆုံး အမျိုးသားနည်းပြဆု - ရာနီရေးရီ (လက်စတာ)
  • အကောင်းဆုံး အမျိုးသမီးနည်းပြဆု - ဇေလ်ဗီယာနိုက် (ဂျာမနီ)
  • အကောင်းဆုံး သွင်းဂိုး Puskas ဆု - မိုဟာမက်ဖိုင်ဆူဘရီ (ပီနန်/မလေးရှား)
  • FIFA Fair Play ဆု - အက်သလက်တီကိုနေစီယွန်နယ် (ကိုလံဘီယာ)
  • အကောင်းဆုံးပရိသတ်ဆု - လီဗာပူးလ် နှင့် ဒေါ့မွန် (ယူရိုပါလိဂ်)
  • ကစားသမားဘဝတစ်လျှောက်ထူးချွန်ဆု - ဖယ်လ်ကာအို (ဘရာဇီးလ်/ဖူဆယ်)
  • FIFA FIFPro World XI ကမ္ဘာ့အကောင်းဆုံးအသင်း

ဂိုး - နူအာ (ဘိုင်ယန်မြူးနစ်/ဂျာမနီ)
နောက်တန်း - အဲလ်ဗတ်စ် (ဂျူဗင်တပ်စ်/ဘရာဇီးလ်)၊ ပီကေး (ဘာစီလိုနာ/စပိန်)၊ ရာမို့စ် (ရီးယဲလ်/စပိန်)၊ မာဆယ်လို (ရီးယဲလ်/ဘရာဇီးလ်)
အလယ်တန်း - မိုဒရစ် (ရီးယဲလ်/ခရိုအေးရှား)၊ တိုနီကရူးစ် (ရီးယဲလ်/ဂျာမနီ)၊ အင်နီယေစတာ (ဘာစီလိုနာ/စပိန်)
ရှေ့တန်း - မက်ဆီ (ဘာစီလိုနာ/အာဂျင်တီးနား)၊ ဆွာရက်ဇ် (ဘာစီလိုနာ/ဥရုဂွေး)၊ စီရော်နယ်လ်ဒို (ရီးယဲလ်/ပေါ်တူဂီ)

Ref; EFE_EPA, BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags