One China ပေါ်လစီကို သွေဖည်မသွားရန် အမေရိကန်အား တရုတ်သတိပေး

One China ပေါ်လစီကို သွေဖည်မသွားရန် အမေရိကန်အား တရုတ်သတိပေး

ပေကျင်း၊ ဇန်နဝါရီ ၉ ။           ။ ထိုင်ဝမ်သမ္မတက အမေရိကန်နိုင်ငံ ဟူစတန်မြို့သို့ ခရီးတစ်ထောက်နား ရောက်ရှိပြီး နာရီအနည်းငယ်အတွင်း တရုတ်နိုင်ငံပိုင်မီဒီယာမှနေ၍ အမေရိကန်အား One China ပေါ်လစီအား သွေဖည်မသွားရန် သတိပေးရေးသားလာသည်။

ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်းက လက်တင်အမေရိကခရီးစဉ်တွင် ခရီးထောက်အဖြစ် ရောက်ရှိခြင်းဖြစ်ကာ တက္ကဆက်ပြည်နယ် လွှတ်တော်အမတ်နှင့် အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံခဲ့သည်။

သို့သော် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကသော်လည်းကောင်း၊ ၎င်း၏ အဖွဲ့ကသော်လည်းကောင်း ထိုင်ဝမ်သမ္မတနှင့်တွေ့ဆုံဖို့မရှိကြောင်း ထရမ့်၏ ပြောခွင့်ရသူက ဇန်နဝါရီ ၈ ရက်၌ ပြောခဲ့သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ထရမ့်က ထိုက်အန်ဝန်နှင့် ဖုန်းတိုက်ရိုက်ပြောဆိုခဲ့၍ တရုတ်က ဒေါသဖြင့် တုံ့ပြန်ခဲ့သည်။

ဆယ်စုနှစ်အတန်ကြာအတွင်း အမေရိကန်၏ သမ္မတဖြစ်စေ၊ ရွေးကောက်ခံသမ္မတကဖြစ်စေ ထိုင်ဝမ်ခေါင်းဆောင်နှင့် တိုက်ရိုက်ပြောဆိုဆက်ဆံခြင်း မရှိခဲ့ပေ။

တရုတ်နိုင်ငံပိုင် Global Times သတင်းက ဒေါ်နယ်ထရမ့်အနေဖြင့် ထိုက်အန်ဝန်နှင့် မတွေ့ဆုံခဲ့ခြင်းအတွက် တကူးတကကျေးဇူးတင်လိမ့်မည် မဟုတ်ကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် One China ပေါ်လစီက တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly