ဆိုးလ်။ ။ တောင်ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးဟာ ရှေးရိုးစွဲဆန်သောအစိုးရ၏ လုပ်ရပ်ဖြစ်သည့် ထောင် နှင့်ချီသော အနုပညာရှင်များအား ၄င်းတို့ရဲ့နိုင်ငံရေးယုံကြည်မှုကြောင့် အမည်ပျက်စာရင်းထဲထည့်သွင်းထားခဲ့ မှုအတွက် ယနေ့တနင်္လာနေ့တွင် တောင်းပန်ခဲ့ပါသည်။
ဝေဖန်သူများက ထိုကဲ့သို့ဝေဖန်မှုများအား လွတ်လပ်စွာပြောဆိုခွင့်မရအောင်နှုတ်ပိတ်ထားမှုဟာ ဆယ်စုနှစ်များ အတွင်းအဆိုးဆုံးလုပ်ရပ်တစ်ခုဖြစ်ကြောင်းပြောခဲ့ကြသည်။ ထိုအမည်ပျက်စာရင်းထဲ ထည့်သွင်းခံခဲ့ရသောသူ များထဲတွင် ရုပ်ရှင်၊ပြဇာတ်၊ဂီတနှင့်စာပေနယ်အသီးသီးတို့မှ အနုပညာရှင်ပေါင်းထောင်နှင့်ချီ၍ပါ၀င်ကြောင်း ဒေသတွင်းမီဒီယာများက မနှစ်တုန်းကမီးမောင်းထိုးပြခဲ့ဖူးသည်။
အဆိုပါစာရင်းတွင်ပါ၀င်သူအများစုဟာ အတိုက်အခံပါတီကိုထောက်ခံကြောင်းပြောခဲ့သူများ၊ အတိတ်ကာလက စစ်အာဏာရှင်စနစ်နှင့် ယခုစွဲချက်တင်ခံထားရသော သမ္မတပတ်ဂွန်ဟေးအား ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူများ နှင့် သရော်လှောင်ပြောင်ခဲ့သူများပါ၀င်သည်။
ထိုထဲတွင် ၂၀၁၆ခုနှစ်ရဲ့ Man Booker International Prize (ယူကေမှချီးမြှင့်သောနိုင်ငံတကာစာပေဆု) ကို ဆွတ်ခူးခဲ့သော ၀တ္ထုရေးဆရာဟန်ကန်း၊ ၂၀၀၄ခုနှစ်တုန်းက ကိန်းရုပ်ရှင်ပွဲတော်တွင် Oldboy ဇာတ်ကားဖြင့် ဆုရရှိခဲ့သူ ဒါရိုက်တာ ပါ့ခ်ချန်းဝုခ် တို့လည်းပါ၀င်ပါသည်။
ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီး ချိုယွန်းဆန်း က ပါလီမန်အတွင်းကြာနားမှု၌ “အနုပညာရှင်များအား သူတို့ရဲ့နိုင်ငံရေးယုံကြည်မှုများနှင့် နိုင်ငံရေးသဘောတရား တိမ်းညွတ်မှုများကြောင့် နိုင်ငံတော်မှထောက်ပံ့မှု ပိတ်ပင်ခဲ့သည့်အပြင် နာကျင်ခံစားရစေခဲ့သောကြောင့် ကျွန်မ အနူးအညွတ်တောင်းပန်အပ်ပါတယ်” လို့ ပြောခဲ့ သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိတွေဟာ လက်ဝဲယိမ်းအနုပညာရှင်များပါ၀င်သော ပြဇာတ်များ၊ ရုပ်ရှင်များနှင့် အခြားပရောဂျက်များကို ကူညီထောက်ပံ့ပေးခြင်းများ ရပ်ဆိုင်းဖို့ ညွှန်ကြားခံခဲ့ကြရသည်။
Ref: Channel News Asia