ယခုနှစ်တွင် ရင်းဂစ်ငွေကြေး ပိုမိုခိုင်မာလာဖို့ ယုံကြည်ကြောင်း နာဂျစ်ပြောကြား

ယခုနှစ်တွင် ရင်းဂစ်ငွေကြေး ပိုမိုခိုင်မာလာဖို့ ယုံကြည်ကြောင်း နာဂျစ်ပြောကြား

ဇန်နဝါရီ ၉ ။             ။ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်က နိုင်ငံတော်ရဲ့ဗဟိုဘဏ်မှစီမံဆောင်ရွက်မှုတွေဟာ ရင်းဂစ်ငွေကြေးကို ယခုနှစ်တွင်ပိုမိုခိုင်မာလာစေနိုင်လိမ့်မည်ဟု သူယုံကြည်မှုရှိကြောင်း ဇန်နဝါရီ ၉ရက် တနင်္လာနေ့တွင်ပြော ကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သော နာဂျစ်က ၀န်ကြီးဌာနမှလစဉ်ကျင်းပနေကြအစည်းအဝေးပွဲတွင် အစိုးရဝန် ထမ်းများအား ရင်းဂစ်ငွေကြေးတန်ဖိုး ကျဆင်းမှုရဲ့ ဇစ်မြစ်ဟာအကြောင်းကိစ္စ အများကြီးနှင့် သက်ဆိုင်ပေမယ့် အစိုးရဟာအခြေအနေတွေကို စီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့ကြောင်း ပြောခဲ့သည်။

“ ကမ္ဘာမှာရှိတဲ့ ငွေကြေးပေါင်း ၁၄၉မျိုးထဲမှာ ၁၂၃မျိုးဟာအမေရိကန်ဒေါ်လာနှင့်စာလျှင် တန်ဖိုးလျော့ကျနေပါ တယ်။ ဒါကြောင့် ရင်းဂစ်ငွေကြေးဟာလည်းခြွင်းချက်တစ်ခုအနေနဲ့ရှိမနေခဲ့ပါဘူး” ဟုသူကပြောခဲ့ပြီး မလေးရှား ငွေကြေးဟာ နိုင်ငံရပ်ခြားစျေးကွက်မှာအလွန်အမင်းစျေးကစားနေခြင်းကြောင့်အထိနာခဲ့ရပြီး ရေနံတန်ဖိုးကျ ဆင်းခြင်းနှင့် အမေရိကန်ပြည်ထောင်စုရဲ့ အတိုးနှုန်းကြောင့်လည်း အထိနာခဲ့ရကြောင်း ဖြည့်စွက်ပြောခဲ့သည်။

“နီဂရာမလေးရှားဘဏ်ရဲ့စီမံဆောင်ရွက်ချက်တွေနှင့်အတူ စျေးကွက်အတွင်းမှာရင်းဂစ်ငွေကြေးတန်ဖိုးဟာ ပိုမာခိုင်မာလာမယ်လို့ယုံကြည်ရပြီး မတည်ငြိမ်သောအခြေအနေများကိုကျော်လွှားကာ မကြာခင်မှာပုံမှန်အခြေ အနေကိုပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း” နာဂျစ်ကပြောခဲ့သည်။

၂၀၁၆ခုနှစ်တုန်းကစိန်ခေါ်မှုတွေပြီးတဲ့နောက်မှာတော့ မလေးရှားစီးပွားရေးဟာပြန်လည်ဦးမော့လာဖို့အကောင်း မြင်မှုတွေနဲ့ ယုံကြည်နိုင်စရာ နမိတ်လက္ခဏာတွေကို တွေ့နေရပြီဖြစ်ကြောင်း သူကပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly