ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ၂၁ ဦးသေဆုံးကာ အိမ်ထောင်စု သုံးသိန်းကျော် ရေဘေးကြံုနေ

ထိုင်းတောင်ပိုင်း ရေကြီးမှုကြောင့် ၂၁ ဦးသေဆုံးကာ အိမ်ထောင်စု သုံးသိန်းကျော် ရေဘေးကြံုနေ

ဘန်ကောက်၊ ဇန်နဝါရီ ၉ ။                 ။  ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ရေကြီးမှုများတွင် လူပေါင်း ၂၁ ဦးသေဆုံးပြီး ရော်ဘာထုတ်လုပ်မှုများ အဆိုးကြံုနေရကာ လမ်းတံတား အခြေခံအဆောက်အအုံများလည်း ပိတ်ထားရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၉ ရက်၌ ပြောပြီး ရေဘေးကြံုရာဒေသများသို့ စစ်အစိုးရကလည်း အကူအညီများ တိုးမြှင့်ပေးပို့လျက် ရှိသည်။

ထိုင်းနိုင်ငံသည် ခြောက်သွေ့ရာသီက နိုဝင်ဘာနှောင်းပိုင်းတွင် ကုန်ဆုံးပြီး ဇန်နဝါရီလအတွင်း မိုးသည်းထန်ရေကြီးမှုများက ကြံုခဲသည်။ ယခုရာသီဖောက်ပြန် မိုးသည်းထန်မှုကို ပြည်နယ် ၆၇ ခုရှိရာတွင် ၁၂ ခုက ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူများက ဆိုသည်။

 “ရေဘေးသင့်ဒေသတွေဆီ စစ်သားတွေ၊ ရဲတွေ စေလွှတ်ပြီး အကူအညီတွေ လုပ်ဆောင်ပေးလျက် ရှိနေပါတယ်။”ဟု ဒုတိယဝန်ကြီးချုပ် ပရာယွတ်ဝေါင်စူဝန်က သတင်းထောက်များအား ပြောသည်။

ဇန်နဝါရီ ၉ ရက်အထိ သေဆုံးသူဦးရေမှာ ၂၁ ဦးရှိပြီး ရေဘေးကြံုနေသည့် အိမ်ထောင်စုပေါင်းက ၃၃၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနအရ သိရသည်။

 နက်ခွန်စီသမ်မာရတ် တောင်ပိုင်းပြည်နယ်ရှိ အဓိက လေဆိပ်ကို ရာသီအခြေအနေကြောင့် ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ယင်းဌာနက ဆိုသည်။ ထိုင်းမြို့တော် ဘန်ကောက်မှ နက်ခွန်စီသမ်မာရတ်သို့ သွားရာ ရထားလမ်းကြောင်းများကိုလည်း ရပ်ဆိုင်းထားသည်။

 ထိုင်းတောင်ပိုင်းသည် ရော်ဘာအဓိကစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်၍ ယခုရေကြီးမှုများကြောင့် စိုက်ပျိုးတောင်သူများအတွက် အဆိုးကြံုနေရကြောင်း ထိုင်းသဘာဝ ရော်ဘာကောင်စီ၏ ဥက္ကဌ အူထိုင်းဆွန်လက်ဆဖ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly