မကွေးမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ပဲနှမ်းပွဲရုံအား မီးအာမခံလျော်ကြေး ပေးအပ်

မကွေးမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ပဲနှမ်းပွဲရုံအား မီးအာမခံလျော်ကြေး ပေးအပ်

မကွေး၊ ဇန်နဝါရီ ၉ ရက် ။                   ။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် "ရတနာမိုး" ပဲနှမ်းပွဲွဲရုံအား ဇန်နဝါရီ ၈ ရက်နေ့၊ ညနေ ၃ နာရီက မကွေးမြို့၊ ကုန်သည်ကြီးများအသင်း ရုံးခန်းမတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန  မြန်မာ့အာမခံလုပ်ငန်းက မီးအာမခံလျော်ကြေး ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၂)ရက်နေ့ နံနက် ၂ နာရီ၊မိနစ် ၂၀ ခန့်က လျှပ်စစ်မီးဖိုဖြင့် ဝက်အူချောင်းကြော်၍ အိပ်ပျော်သွားခဲ့ရာမှ မီးဖိုအပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့့ခြင်းဖြစ်ပြီး "ရတနာမိုး" ပဲနှမ်းပွဲွဲရုံပိုင်ရှင် ဦးမိုးကျော်သည် နေအိမ်အဆောက်အဦ၊ဂိုဒေါင်နှင့် ပဲ၊နှမ်း ကုန်ပစ္စည်းများ အတွက် မီးအားမခံထားရှိခဲ့သည့်အတွက် မီးအာမခံလျော်ကြေးငွေ သိန်း(၇၄၉.၃၆)သန်း ရရှိခဲ့သည်။

မီးအာမခံလျော်ကြေးငွေလက်ခံရရှိခဲ့သူ ဦးမိုးကျော်က "မီးလောင်ဆုံးရှုံးမှု တွေရှိခဲ့တော့ ခဏတာ ပူဆွေးသောကတွေ ရခဲ့တယ်။ ဒါပေမယ့် မိတ်ဆွေတွေက မင်းမှာ မီးအာမခံထားတာ ရှိတာပဲလို့ ပြောတဲ့အတွက် ပူဆွေးသောကတွေ ခဏပဲခံစားခဲ့ရတယ်" ဟုပြောသည်။

အာမခံလုပ်ငန်းက တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများကြောင့် မီးအာမခံဝင်ခဲ့သဖြင့် ဆုံးရှုံးမှုများ များစွာရှိခဲ့သော်လည်း အခြေအနေ မယိမ်းမယိုင်ပြန်နေနိင်တော့မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အာမခံစုစုပေါင်း(၂၆) မျိုးရှိပြီး ယင်းတို့သည် မီးအာမခံ၊ ရေကြောင််းအာမခံ၊ အသက်အာမခံ၊ မော်တော်ယာဉ်အာမခံတို့နှင့် စပ်ဆက်သည့် အရာများဖြစ်သည်ဟု မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

"မီးအာမခံထားရင် အဆောက်အဦအလိုက် ကုန်အမျိုးအစားအလိုက် အာမခံကြေးပေးဆောင်ရတယ်။ သိန်း(၁၀၀)တန်အဆောက်အဦ၊ ပတ်ဝန်ကျင်ကလည်း သန့်တယ်ဆိုရင် မီးအာမခံထားတဲ့သူအနေနဲ့ ၁ နှစ်စာ  ၂၀၀၀၀ ကျပ်ပဲ ပေးဆောင်ရပါ တယ်" ဟု ၎င်းကပြောသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ၊စီမံကိန်း ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဇော်မင်း၊မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly