မွန်ပြည်နယ်သို့ မုန်တိုင်းငယ်လမ်းကြောင်းပြောင်းနိုင်

မွန်ပြည်နယ်သို့ မုန်တိုင်းငယ်လမ်းကြောင်းပြောင်းနိုင်
ဓါတ်ပုံ-ဦးထွန်းလွင် FB

ရန်ကုန်၊ ဇန်နဝါရီ ၈ ။            ။ ဘင်္ဂလားပင်လယ်ပြင်မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားနိုင်ပြီး မွန်ပြည်နယ်ကို ဦးတည်ရွေ့လျားသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

ပထမ ဇန်နဝါရီ ၆ ရက်နေ့ တိုင်းထွာချက်များအရ မြစ်ဝကျွန်းပေါ်သို့ ဦးတည်လာမည်ဟု ခန့်မှန်းထားသော်​လည်​း ဇန်နဝါရီ ရ ရက်နေ့ တိုင်းထွာချက်များအရ မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားခြင်းဖြစ်သည်။

"ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်၄၈နာရီ အတွင်း မှန်တိုင်းငယ်ဖြစ်လာပြီးနောက် အရှှေ့ ​မြောက်ဖက်သို့ တဖြည်းဖြည်းရွေ့လျားနိုင်ပါသည်။ ကမ်းကိုမဖြတ်မီ အားပြန်လျော့ကျလာပြီး မွန်ပြည်နယ်သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်" ဟု ဦးထွန်းလွင်က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်   ရေးသားထားသည်။

ထို့အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နှစ်ရက်ခန့်ကြာ အချိန်အခါမဟုတ် မိုးဆက်လက်ရွာနိုင်သကဲ့သို့ ကမ်းရိုးတန်းဒေသများ လေပြင်းသတိပြုရန် မိုး/ဇလက သတင်းထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly