ရှုံးပွဲမရှိစံချိန်ဆက်ထိန်းရန် ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြဇီဒန်းတိုက်တွန်း

ရှုံးပွဲမရှိစံချိန်ဆက်ထိန်းရန် ရီးယဲလ်မက်ဒရစ်အသင်းကို နည်းပြဇီဒန်းတိုက်တွန်း

ဇန်နဝါရီ ၈၊ မက်ဒရစ်။            ။ ဂရန်နာဒါအသင်းကိုအနိုင်ရသည့် ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာအသင်း၏ စပိန်စံချိန် ၃၉ ပွဲဆက်ရှုံးပွဲမရှိစံချိန်နှင့် တူညီသွားခဲ့ရာ ယင်းစံချိန်ကိုဆက်ထိန်းကြရန် အသင်းသားများကို နည်းပြဇီဒန်းက တိုက်တွန်းလိုက်သည်။

ဂရန်နာဒါအသင်းကို ၅-၀ ဂိုးဖြင့်အနိုင်ရသည့် လာလီဂါပွဲစဉ်တွင် အစ္စကိုကနှစ်ဂိုး၊ ဘင်ဇီမာ၊ စီရော်နယ်ဒိုနှင့် ကက်စမီရိုတို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။

ရီးယဲလ်အသင်းသည် ဧပြီလအတွင်းကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် ဝုဖ်ဘတ်ကို ၂-၀ ဂိုးဖြင့်ရှုံး ပြီးနောက်ပိုင်းကတည်းက ရှုံးပွဲမရှိသေးသည့်အသင်းဖြစ်သည်။

အသင်းအနေဖြင့် လာမည့်တစ်ပတ် ဆီဗီလာနှင့်ပွဲတွင် မရှုံးအောင်ကစားနိုင်ပါက စပိန်စံချိန်သစ်တင်နိုင်မည်ဖြစ်သော်လည်း ခက်ခဲသည့်စိန်ခေါ်မှုဟု ဇီဒန်းက လက်ခံထားသည်။

“စံချိန်တူသွားလို့ ကျေနပ်စရာပါ။ ဒါပေမဲ့ အဓိကအရေးကြီးတာကတော့ ကွင်းတွင်းစွမ်းဆောင်ရည်ဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ပွဲကို ဆီဗီလာနဲ့ကစားရမှာဖြစ်ပြီး စံချိန်နဲ့ ကျွန်တော်တို့ နီးစပ်နေပြီဖြစ်ပါတယ်။

အကန့်အသတ်ဆိုတာမရှိဘူး။ ဒီခြေစွမ်းကိုထိန်းနိုင်အောင် အစွမ်းကုန်ကြိုးစားကြရမယ်ဆိုတာ သိထားပါတယ်။ တစ်ပွဲချင်း ကြိုးစားသွားမှာပါ။ ဘယ်ပွဲကပိုပြီး အရေးကြီးတယ်ဆိုတာမရှိပါဘူး။ ပွဲတိုင်းအရေးကြီးပါတယ်။

ပွဲတိုင်းကိုအစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်နေဖို့ စိတ်ပိုင်းဆိုင်ရာ အာရုံစူးစိုက်ထားဖို့ ုဖြစ်ပါတယ်။ အဲဒါဆိုရင် ကောင်းတဲ့အရာတွေ၊ ရလဒ်တွေ ရလာမှာပါ”ဟု ဇီဒန်းက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly