ဆာဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့၍ ရွန်နီဂုဏ်ယူ

ဆာဘော်ဘီချာလ်တန်၏ ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့၍ ရွန်နီဂုဏ်ယူ

ဇန်နဝါရီ ၈၊ မန်ချက်စတာ။ ။              ။ ဆာဘော်ဘီချာလ်တန်၏ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီခဲ့၍ ဂုဏ်ယူမိကြောင်းနှင့် မကြာမီကျော်ဖြတ်နိုင်ရန် ဆန္ဒရှိနေကြောင်း မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဝိန်းရွန်နီက ပြောသည်။

အသက် ၃၁ နှစ်အရွယ်ရွန်နီသည် အက်ဖ်အေဖလားပွဲတွင် ရီးဒင်းဘက်သို့တစ်ဂိုးသွင်းနိုင်ခဲ့ရာ စုစုပေါင်း ၅၄၃ ပွဲကစား ၂၄၉ ဂိုး သွင်းနိုင်သည့်စံချိန်ကိုရရှိခဲ့ပြီး ယခင်စံချိန်ရှင်ဟောင်း   ဘော်ဘီချာလ်တန်ထက် ၂၁၅ ပွဲနှင့် လေးရာသီစောပြီး ဂိုးသွင်းအများဆုံး စံချိန်တူသွားခြင်းဖြစ်သည်။

“ဂုဏ်ယူစရာကောင်းတဲ့အခိုက်အတန့်ပါ။ ဒီတစ်ပတ်ထဲမှာ ကျွန်တော်တို့ အိမ်ကွင်းနှစ်ပွဲ ကစားရဖို့ရှိနေပြီး ကျွန်တော်တစ်ဂိုးလောက်ရနိုင်ဖို့ မျှော်လင့်ပါတယ်။

ဒီအသင်းက ကျွန်တော့်ဘဝရဲ့ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆာဘော်ဘီနဲ့ အတူတူရပ်တည်နိုင်လို့ ဂုဏ်ယူမိပါတယ်”ဟု ရွန်နီက ပြောသည်။

ယူနိုက်တက်သည် အင်္ဂါနေ့တွင် ဟားလ်စီးတီးအသင်းနှင့် လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ တွင် လီဗာပူးလ်နှင့် ပရီးမီးယားလိဂ်ပွဲကစားရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags