ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အဖွဲ့အစည်းများအနေနှင့် မတူတာတွေကို ငြိမ်းချမ်းရေးနည်းနှင့် ဖြေရှင်းရန် အချိန်ယူ သည်းခံရမည်ဟု ဦးတင်ဦးပြောကြား

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အဖွဲ့အစည်းများအနေနှင့် မတူတာတွေကို ငြိမ်းချမ်းရေးနည်းနှင့် ဖြေရှင်းရန် အချိန်ယူ သည်းခံရမည်ဟု ဦးတင်ဦးပြောကြား

ရန်ကုန်၊ ဇန်နဝါရီ ရ ။             ။ ရည်မှန်းကြွေးကြော်ခဲ့သည့် ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အဖွဲ့အစည်းများ အလိုက် သဘောတူမှုများ၊ ဆောင်ရွက်၍ မတူညီသည်များကို ငြိမ်းချမ်းရေးနည်းဖြင့် ဖြေရှင်းရန် အချိန်ယူ၊ သည်းခံရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောကြားသည်။

ဇန်နဝါရီ ရရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် ကျင်းပခဲ့ည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံံ(၂၁ ရာစု ပင်လုံ) အကြို လူထုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

"ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်။အခုလို အဖွဲ့အစည်းတွေ ညှိနှိုင်း ဆောင်ရွက်ခြင်းဟာ အင်မတန်ကောင်းတယ်။ အခြားအဖွဲ့အစည်းတွေကလည်း အဖွဲ့အစည်းအလိုက် သဘောတူတာတွေ ဆောင်ရွက်၊ သဘောမတူတာတွေ ရှိသော်ငြားလည်း ဖြေရှင်းနိုင်တဲ့အရာ ဖြစ်တယ်။ ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် ပြေလည်စရာရှိတယ်။ ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ယူရမယ်။ စောင့်ရမယ်။ သည်းခံရမယ်" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောသည်။

ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းကလည်း "ပြည်တွင်းငြိမ်းချမ်း ရေးဆိုတာ တစ်ဦးကောင်း၊တစ်ဖွဲ့ ကောင်းနဲ့ လုပ်လို့မရဘူး။ လူထုပါဝင်မှု မြင့်တက်ဖို့ လိုအပ်တယ်။ရေရှည် ်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖော် ဆောင်သွားဖို့အတွက် ပြည်သူ့ဆန္ဒနဲ့ အညီ နိုင်ငံရေးပြသနာတွေကို ဖြေရှင်း ဖို့လိုအပ်တယ်လို့ ယုံကြည်တယ်" ဟု ပြောသည်။

အဆိုပါ အခမ်းအနားကို ABSDF အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးစိတ်ပါ ဝင်စားသူများ တက်ရောက်ခဲ့ပြီး ပုသိမ်၊ မကွေး၊ပြည်၊မုံရွာ၊မန္တလေးနှင့် ထားဝယ် စသည့်မြို့များတွင်လည်း ထပ်မံကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly