ထိုင်ဝမ်သမ္မတ၏ အမေရိက ခရီးစဉ်အပေါ် တရုတ်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေ

ထိုင်ဝမ်သမ္မတ၏ အမေရိက ခရီးစဉ်အပေါ် တရုတ်တို့ စိုးရိမ်တကြီး စောင့်ကြည့်နေ

ဇန်နဝါရီ ရ ။                ။ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်မှာ သူမ၏ ဗဟိုအမေရိကခရီးစဉ်အဖြစ် ဇန်နဝါရီ ရ ရက်က ထိုင်ဝမ်မှ အမေရိကန်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ရာ ယင်းခရီးစဉ်အပေါ် တရုတ်တို့ဘက်က စိုးရိမ်ကြီးစွာ စောင့်ကြည့်နေလျက်ရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့တဲ့ကာလက အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ထိုင်ဝမ်သမ္မတတို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့မှုနောက်ပိုင်း တရုတ်တို့ဘက်က အမေရိကန်-ထိုင်ဝမ်ဆက်ဆံမှုများကို အနီးတကပ်   စောင့်ကြည့်မှုများ ပြုလုပ်ထားခဲ့သည်။

ဗဟိုအမေရိက မဟာမိတ်နိုင်ငံများနှင့် ထိုင်ဝမ်တို့အကြား ဆက်ဆံရေးတိုးမြှင့်စေနိုင်ရန် ရည်ရွယ်သည့် ယခုကိုးရက်တာ ခရီးစဉ်တွင် သမ္မတ ဆိုင်၏ အမေရိကန်တွင် ခရီးတစ်ထောက်နားသည့် အစီအစဉ်အပေါ် တရုတ်တို့က စောင့်ကြည့်နေလျက်ရှိပြီး ယင်းအတောအတွင်း ဒေါ်နယ်ထရန့်ပါ ဆက်သွယ်တွေ့ဆုံမည့်အရေးအပေါ် ပူပန်နေလျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်သမ္မတသည် ဟူစတန်သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနောက် ဆန်ဖရန်စစ္စကိုမှတဆင့် တိုင်ပေသို့ လာမည့်သီတင်းပတ်အတွင်း ပြန်ရန် စီစဉ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဒေါ်နယ်ထရန့် ရွေးကောက်ပွဲနိုင်ပြီးနောက် ထိုင်ဝမ်သမ္မတနှင့် ဖုန်းဆက်သွယ်ပြောဆိုမှုများ ရှိခဲ့ပြီးနောက်ပိုင်း တရုတ်တို့အနေဖြင့် ထိုင်ဝမ်အနီး ရေပြင်တွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြင့်လုပ်ဆောင်ခြင်း၊ ယင်း၏ လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမည်ဟု ကောလာဟလလွှင့်ခြင်းတို့ကိုပါ လုပ်ဆောင်ခဲ့သည်။

အလားတူ ယခုခရီးစဉ်မတိုင်ခင်က ထိုင်ဝမ်သမ္မတကို အမေရိကန်လေကြောင်းပိုင်နက်အတွင်းမှ ဖြတ်သန်းသွားလာခွင့် တားဆီးပိတ်ပင်ရေး တရုတ်တို့ဘက်က ၀ါရှင်တန်အစိုးရကို   တောင်းဆိုခဲ့သေးသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly