ဒေါ်နယ်ထရန့် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲ မဲရလဒ်များကို ကွန်ဂရက် အတည်ပြုပေး၊ ရုရှဆိုက်ဘာတိုက်ခိုက်မှုက မိမိအနိုင်ရသည့် ရလဒ်အပေါ် ထိခိုက်မည် မဟုတ်ဟု ထရန့်ပြော

ဒေါ်နယ်ထရန့် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲ မဲရလဒ်များကို ကွန်ဂရက် အတည်ပြုပေး၊ ရုရှဆိုက်ဘာတိုက်ခိုက်မှုက မိမိအနိုင်ရသည့် ရလဒ်အပေါ် ထိခိုက်မည် မဟုတ်ဟု ထရန့်ပြော

ဇန်နဝါရီ ရ ။                  ။ ပြီးခဲ့သည့် နို၀င်ဘာရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့်ရရှိခဲ့သည့် အနိုင်မဲရလဒ်များ မှန်ကန်သေချာကြောင်း အမေရိကန် ကွန်ဂရက်လွှတ်တော်က ဇန်နဝါရီ ၆ ရက်တွင် တရားဝင်ထောက်ခံ အတည်ပြုပေးလိုက်ပြီဖြစ်သည်။

ကွန်ဂရက်၏ ယခုအတည်ပြုချက်ကြောင့်လည်း ဒီမိုကရက်တစ်အမတ်များ၏ မဲရလဒ်များအပေါ် စောဒကတက် ကန့်ကွက်နေမှုများလည်း ပြယ်လွင့်အဆုံးသတ်သွားခဲ့ရပြီဖြစ်သည်။

အမေရိကန် ဥပဒေပြုလွှတ်တော် အမတ်များသည် ပြီးခဲ့သည့်လက ရေတွက်ထားခဲ့သည့် မဲရလဒ်များကို အတည်ပြုပေးလိုက်ကာ နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတအဖြစ် ဒေါ်နယ်ထရန့်အား တရားဝင်အတည်ပြု ထောက်ခံပေးလိုက်သည်။

" နိုင်ငံရဲ့ သမ္မတရာထူးအတွက် ရွေးချယ်ရာမှာတော့ ဒေါ်နယ်ထရန့်က ၃၀၄ မဲ၊ ပြိုင်ဘက် ဟီလာရီ ကလင်တန်က ၂၂၇ မဲ ရပါတယ်" ဟု လက်ရှိဒုသမ္မတ ဂျိုးဘိုင်ဒင်က ကြေညာပေးသွားသည်။

မဲဆန္ဒနယ်ခုနစ်တွင် ယင်းတို့၏ ပြည်နယ်မဲရလဒ်များနှင့်ပတ်သက်၍ စောဒကတက်မှုများ ရှိခဲ့သော်လည်း ယခုနောက်ဆုံး ရလဒ်အပေါ် ထိခိုက်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။

" တရားဝင်ရေတွက်ပြီးစီးထားပြီဖြစ်တဲ့ ရလဒ်တွေအရ ထရန့်ဟာ လုံလုံလောက်လောက်ကို အနိုင်ရသွားပါပြီ၊ သူနဲ့ ရွေးကောက်ခံ ဒုသမ္မတ မိုက်ပန့်စ် တို့ လာမယ့် ဇန်နဝါရီ ၂၀ မှာ ကျမ်းကျိန် ရပါတော့မယ်" ဟု ဒုသမ္မတ က ပြောသည်။

အလားတူ လွှတ်တော်ဥက္ကဌ ပေါရိုင်ယန်ကလည်း ဒေါ်နယ်ထရန့်အား နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာပေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပြည်ပအင်အားစုများ၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အမေရိကန်ရွေးကောက်ပွဲအပေါ် ထိခိုက်စေနိုင်စရာအကြောင်းမရှိကြောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲကာလက ရုရှတို့အနေဖြင့် ဟီလာရီကလင်တန်ကို အိမ်ဖြူတော်သို့ ခြေမချနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးများ၏ အစီရင်ခံစာ   ပေါ်ထွက်လာပြီးနောက် ထရန့်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly