ယာဉ်မောင်းသူကော စီးသူပါ ခါးပတ် ပတ်ကြဖို့ ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး ပြော

ယာဉ်မောင်းသူကော စီးသူပါ ခါးပတ် ပတ်ကြဖို့ ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး ပြော

ကားမောင်းသူတွေရော ကားစီးသူတွေပါ ထိုင်ခံ ခါးပတ် ပတ်ကြဖို့ ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ထားပြီး အရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။ ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုးကလည်း ကားစီးသူမှန်သမျှ ဘယ်သူဖြစ်ဖြစ် ထိုင်ခုံ ခါးပတ် ပတ်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ရုပ်ရှင်ကားတွေထဲမှာတော့ အန္တရယ်ရှိ ကားမောင်တဲ့ အခြေအနေတွေကနေ မဲရှလ်ယိုး လွတ်မြောက်ခဲ့တာချည်း ဖြစ်တယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ဒီလိုမဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ဒါ့ကြောင့် ကားမောင်သူတွေ၊ ကားစီးသူတွေ ခါးပတ် ပတ်ထားသင့်ကြောင်း သူက တိုက်တွန်းထားတာပါ။ ခါးပတ် ပတ်တာဟာ အသက်ကယ်နည်း တစ်မျိုးပဲလို့လည်း သူက ဆိုပါတယ်။

“ခါးပတ် မပတ်ထားတဲ့ ခရီးသည်တွေဆိုရင် သူတို့ကိုယ်တိုင်နဲ့ တခြားသူတွေကိုလည်း အန္တရယ် ဖြစ်စေပါတယ်။ ကားမှောက် ကားတိုက်တာ တစ်ခုခုဖြစ်ရင် ခါးပတ် မပတ်ထားသူဟာ လွင့်ထွက်သွားနိုင်ပြီး အပြင်းအထန် ဒဏ်ရာ ရနိုင်ပါတယ်။” လို့ သူက ဆိုပါတယ်။

ကလေးငယ်တွေအတွက်တော့ ကလေးတွေရဲ့ အရွယ်၊ အလေးချိန်နဲ့ ကိုက်ညီတဲ့ ကားထိုင်ခုံထဲမှာ ထိုင်ခိုင်းပြီး ခါးပတ် ပတ်ထားပေးဖို့လည်း သူက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို ရှေ့ခန်း ထိုင်ခံမှာ မထိုင်ခိုင်းဖို့လည်း မဲရှလ်ယိုးက သတိပေးထားပါတယ်။

“ယာဉ် အန္တရယ် ကင်းရှင်းဖို့အတွက် ကျမတို့အားလုံး တစ်ထောင့်တစ်နေရာက ပါဝင်ကြဖို့ တာဝန်ရှိပါတယ်။ ကိုယ့်တာဝန် ကိုယ်ကျေကြပါ” လို့လည်း မဲရှလ်ယိုးက တိုက်တွန်းပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့ညကပဲ ရန်ကုန်-ပုသိမ် လမ်းမကြီးမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် စီးနင်းလာတဲ့ ကားဟာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါသေးတယ်။ ကားမောင်းသူနဲ့ ကားရှေ့ခန်းမှာ ထိုင်လာသူ နှစ်ဦးကတော့ ခါးပတ် ပတ်ထားတဲ့အတွက် ကားအတွင်းက လေအိတ်တွေ ပွင့်ထွက်လာခဲ့ပြီး အန္တရယ်ရှိတဲ့ ထိခိုက်မှု မရှိခဲ့ပါဘူး။ ကားနောက်ခန်းမှာ ထိုင်လိုက်လာတဲ့ ဝန်ကြီးချုပ် မန်းဂျော်နီကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဆက်စပ် သတင်း - ဝန်ကြီးချုပ် မော်တော်ယာဉ်ကို ဝင်တိုက်သည့် ယာဉ်မောင်းများအား အမှုဖွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags