မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး

မန္တလေး (မဇ္ဈိမ) ။ ။ ၂၀၁၅ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်က စတင် တင်သွင်းနိုင်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်သို့   ဇူလိုင်  ၂၁ ရက် ညနေပိုင်း အထိ မည်သည့်ပါတီမှ ပုံစံ လာရောက် ထုတ်ယူခြင်း မရှိဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

၎င်းက “ဒီနေ့အထိ ပုံစံတောင် လာမထုတ်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ တင်ကြဦး မယ်မထင်ပါဘူး။ ပုံစံလာယူပြီးရင်လည်း စပေါ်တင်တာတွေ လုပ်ရပါဦးမယ်။ ပါတီတွေ အနေတော့ ကိုယ်စားလှယ်လောင်း တင်တာတွေကို စုပြုံပြီးတော့ တက်လာကြလိမ့်ထင်တယ်။"ဟု ပြောသည်။

၂၀၁၅ ခုနှစ် ထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း တင်သွင်းခြင်းကို ဇူလိုင် ၂၀ရက် မှ သြဂုတ် ၈ ရက်အထိ ဆောင်ရွက်ရမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်း အနေဖြင့် တင်သွင်းလွှာ ရုပ်သိမ်းလိုပါက သြဂုတ် ၉ ရက်မှ  ၁၁ ရက်အထိ ရုတ်သိမ်းနိုင်ပြီး ကိုယ်စားလှယ်လောင်းစီစစ်ခြင်းကို သြဂုတ် ၁၂ ရက်မှ ၂၁ ရက်အထိဆောင်ရွက် သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly