အီရန်တောင်ပိုင်းတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် လေးဦး သေဆုံး

အီရန်တောင်ပိုင်းတွင် လှုပ်ခဲ့သည့် ငလျင်ကြောင့် လေးဦး သေဆုံး

ဇန်နဝါရီ ၆ ။             ။ ဇန်နဝါရီလ ၆ ရက် အစောပိုင်းက အီရန်နိုင်ငံ တောင်ပိုင်းတွင် မြေငလျင်တစ်ခုလှုပ်သွားခဲ့ပြီးနောက် လေးဦးသေဆုံးခဲ့ကြောင်းနှင့် သေဆုံးသွားသူများမှာ အာဖဂန်နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းငလျင်မှာ ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာမှုအရ သိရပြီး ဒေသစံတော်ချိန် ၂ နာရီ ၃၃ မိနစ် Fars ပြည်နယ်တွင် လှုပ်သွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ Seif Abad ဆိုသည့် ကျေးရွာတစ်ရွာမှဖြစ်ကြောင်း Khonj ကောင်တီ အကြီးအကဲ Mokhtar Abbasi က ပြောသည်။

အီရန်အနေဖြင့် အဓိကပြတ်ရွေ့ကြောင်းတစ်ခုပေါ်တွင် တည်ရှိနေပြီး မကြာခဏဆိုသကဲ့သို့ ငလျင်ဒဏ်ခံစားခဲ့ရလေ့ရှိသည်။ ၂၀၀၃ ခုနှစ်က လှုပ်ခဲ့သည့် ငလျင်တစ်ခုကြောင့်လည်း လူပေါင်း ၃၁,၀၀၀ ထက်မနည်းသေဆုံးခဲ့ရပြီး သမိုင်းဝင်မြို့ Bam မြို့မှာ ပျက်စီးထိခိုက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags