ရုရှဆိုက်ဘာတိုက်ခိုက်မှုအပေါ် စုံစမ်းတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ထောက်လှမ်းရေး အရာရှိကြီးများ ထိပ်တိုက်တွေ့ဆုံ ရှင်းလင်း

ရုရှဆိုက်ဘာတိုက်ခိုက်မှုအပေါ် စုံစမ်းတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ဒေါ်နယ်ထရန့်နှင့် အမေရိကန်ထောက်လှမ်းရေး အရာရှိကြီးများ ထိပ်တိုက်တွေ့ဆုံ ရှင်းလင်း

ဇန်နဝါရီ ၆ ။                ။ အမေရိကန်ရွေးကောက်ပွဲကို နှောင့်ယှက်ရန်အလို့ငှာ ရုရှတို့ဘက်မှ ဆိုက်ဘာတိုက်ခိုက်မှုများ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ထားခဲ့သည့် သက်သေအထောက်အထားများ   တွေ့ရှိထားခဲ့ခြင်းအပေါ် ထောက်လှမ်းရေးအကြီးအကဲများက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ယနေ့ တွေ့ဆုံရှင်းလင်းတင်ပြသွားတော့မည်ဖြစ်သည်။

ဒီမိုကရက်တစ်ဘက်မှ တာဝန်ရှိသူများထံ ဟက်ကင်လုပ်ခြင်းဖြင့် ရုရှတို့က ကန်ရွေးကောက်ပွဲကို နှောက်ယှက်ရန် ကြံစည်လုပ်ဆောင်ခဲ့သည်ဆိုသော ပြောကြားချက်များအပေါ် မယုံမကြည် လက်မခံလိုသည့်   သဘောထားပြသနေသော ဒေါ်နယ်ထရန့်နှင့် ထောက်လှမ်းရေးအကြီးအကဲများ အကြား တင်းမာမှုများ ရှိနေချိန် ယခုကဲ့သို့တွေ့ဆုံရှင်းလင်းပွဲတစ်ခု ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

" ကျွန်တော်အနေနဲ့ကတော့ ရွေးကောက်ခံသမ္မတအနေနဲ့ ဒီကိစ္စမှာတော့ တင်ပြရှင်းလင်းတာကို လက်ခံစစ်ဆေးနိုင်မယ်လို့ ထင်ပါတယ်၊ အဲဒီအခါကျရင် ဒီအေဂျင်စီတွေ ဘယ်လောက် ပရိုဖက်ရှင်နယ်ကျတယ်၊ ဘယ်လောက်ထိထိရောက်ရောက်လုပ်နိုင်သလဲဆိုတာကိုပါ သိပါလိမ့်မယ်၊ အဲဒီတော့မှာ လက်ရှိတင်းမာမှုတွေကို လျှော့ချနိုင်ပါလိမ့်မယ်" ဟု သမ္မတ အိုဘားမားက ပြောသွားသည်။

အမေရိကန်ရွေးကောက်ပွဲကို ရုရှ တို့ဟက်ကင်လုပ်ခဲ့သည်ဆိုသည့်စွဲချက်များကို ကနဦးပိုင်းတွင် ဒေါ်နယ်ထရန့်က သံသယရှိ မယုံမကြည်ဖြစ်နေပုံကို ပြသခဲ့ပြီးနောက်ပိုင်း အိုဘားမားက အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုနှင့်စပ်လျင်း၍ စုံစမ်းကာ အစီရင်ခံစာတင်ရန် ထောက်လှမ်းရေးအဖွဲ့များကို ညွှန်ကြားခဲ့သည်။

အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ James Clapper ၊ အမျိုးသားလုံခြံုရေးအေဂျင်စီအကြီးအကဲ Mike Rogers ၊ FBI ဒါရိုက်တာ James Comey နှင့် CIA ဒါရိုက်တာ John Brennan တိုပ ယခု ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံရှင်းလင်းရာတွင် တက်ရောက်မည်ဟု ယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags