လိင်ကျေးကျွန်အရုပ်အား ကောင်စစ်ရုံးပြင်ဖက်တွင် ထားရှိခြင်းကြောင့် တောင်ကိုရီးယားမှ သံအမတ်ကြီးကို ဂျပန်က ပြန်ခေါ်

လိင်ကျေးကျွန်အရုပ်အား ကောင်စစ်ရုံးပြင်ဖက်တွင် ထားရှိခြင်းကြောင့် တောင်ကိုရီးယားမှ သံအမတ်ကြီးကို ဂျပန်က ပြန်ခေါ်

တိုကျို၊ ဇန်နဝါရီ ၆ ။                ။ ပြီးခဲ့သည့်လအတွင်းက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ဂျပန်ကောင်စစ်ဝန်ရုံးပြင်ဖက်တွင် ဂျပန်စစ်အတွင်း လိင်ကျေးကျွန်ပြုခံရသည့် သင်္ကေတဖြစ်သော လိင်ကျေးကျွန်အရုပ်အား ထားရှိခံရခြင်းကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဂျပန်နိုင်ငံက တောင်ကိုရီးယားမှ ၎င်း၏ သံအမတ်ကြီးအား ယာယီပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း   ပြောသည်။

သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ယိုရှီဟီဒီဆူဂါက တောင်ကိုရီုးယားနှင့် အဆင့်မြင့်စီးပွားရေးကိုယ်စားလှယ်များ ဆွေးနွေးပွဲများကို ရွှေ့ဆိုင်းခြင်းအပါအဝင် သံအမတ်ကြီးအား ယာယီပြန်လည်ခေါ်ယူခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ဒီဖြစ်ရပ်အပေါ် ဂျပန်အစိုးရအနေနဲ့က အလွန်တရာ စိတ်မကောင်းဝမ်းနည်းဖွယ်အဖြစ် ခံယူပါတယ်။”ဟု ၎င်းက ဆိုသည်။

ထိုသို့ သံအမတ်ကြီး ပြန်လည်ခေါ်ယူခြင်းအပြင် ဘူဆန်ရှိ ဂျပန်ကောင်စစ်ဝန်ချုပ်ကို ဂျပန်-တောင်ကိုရီးယား ငွေကြေးလဲလှယ်မှု ဆွေးနွေးမှုများကိုလည်း ရပ်ဆိုင်းရန် အမိန့်ပေးထားကြောင်း ဆူဂါက ပြောသည်။

တောင်ကိုရီးယား ဆိပ်ကမ်းမြို့ဖြစ်သော ဘူဆန်မြို့တွင် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက အဆိုပါ လိင်ကျေးကျွန်အရုပ်အား ထားရှိခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက ဖယ်ရှားခဲ့သည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်ကာကွယ်ရေးဝန်ကြီးက တိုကျိုရှိ အငြင်းပွားဖွယ် စစ်သူရဲကောင်းဗိမာန်သို့ သွားရောက်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားဒေသအာဏာပိုင်များက ယင်းအရုပ်အား ပြန်လည်ထားရှိစေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags