ရေနံယိုဖိတ်မှုကြောင့် စင်ကာပူရှိ ချန်ဂီ ကမ်းခြေကို ယာယီ ပိတ်ထားခဲ့ရ

ရေနံယိုဖိတ်မှုကြောင့် စင်ကာပူရှိ ချန်ဂီ ကမ်းခြေကို ယာယီ ပိတ်ထားခဲ့ရ

ဇန်နဝါရီ ၅ ။              ။ မလေးရှားနိုင်ငံ Johor ပြည်နယ်ရှိ Pasir Gudang ဆိပ်ကမ်းပြင်ပ ပင်လယ်ပြင်တွင် ဇန်နဝါရီလ ၃ ရက်က ရေယာဉ်နှစ်စီး တိုက်မိခဲ့ရာမှတဆင့် ရေနံယိုဖိတ်မှုဖြစ်ပေါ်ခဲ့ရာ အလျားမီတာ ၈၀၀ ရှိ စင်ကာပူ၏ ချန်ဂီကမ်းခြေတစ်လျှောက်ကို ပိတ်ထားခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားပါတယ်။

ယိုဖိတ်ရေနံများမှာ  စင်ကာပူကမ်းခြေများဆီသို့ ရောက်ရှိလာခဲ့ခြင်းကြောင့် ယခုအခါ ကမ်းခြေရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေရလျက်ရှိကြောင်းနှင့် Noordin ကမ်းခြေ မီတာ ၁၀၀ ဧရိယာတစ်ဝိုက်တွင်လည်း ကြိုးစားရှင်းလင်းနေရကြောင်း စင်ကာပူအမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီ NEA က ထုတ်ပြန်သည်။

Paris Ris ကမ်းခြေနှင့် Punggol ကမ်းခြေတို့ဆီလည်း ယင်းယိုဖိတ်ဆီများ ရောက်ရှိလာခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးထားကြောင်း NEA က ပြောသည်။

ဖိတ်စင်ရေနံများကို ရှင်းလင်းရေးအတွက် ရေယာဉ် ၁၇ စီးနှင့် လူအင်အား ၂၂၂ ဦးထိ ဖြန့်ကျက်ချထားပြီးဖြစ်ကြောင်း စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ MPA က ထုတ်ပြန်သည်။

Nenas ရေလက်ကြားနှင့် Palau Ubin အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေလျက်ရှိကြောင်းလည်း သိရသည်။

ဇန်နဝါရီလ ၃ ရက်က Johor ပြည်နယ်ရှိ ပင်လယ်ပြင်တွင် စင်ကာပူ ကွန်တိန်နာတင်သင်္ဘောနှင့် အခြား သင်္ဘောတစ်စီးတို့ တိုက်မိခဲ့ခြင်းမှတဆင့် ယခုကဲ့သို့ တန်ချိန် ၃၀၀ ခန့်ရှိ ဆီယိုဖိတ်မှုများ   ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags