FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်

FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်

ရန်ကုန်၊ ဇူလိုင် ၂၁ ။   ။ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP)  က ရန်ကုန်တိုင်းအတွင်းရှိ ပြည်ထောင်စု မဲဆန္ဒနယ် များဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တေ်ာမဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဌ ၂ ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက"ရန်ကုန်ကိုအဓိထားပြိုင်မယ်၊ မြို့တွင်း ၁၅မြို့နယ်က ပြည်သူ့၊ အမျိုးသား လွှတ်တော်တွေ ကိုဝင်မယ်။ လှိုင်သာယာ ၊ရွှေပြည်သာတော့ မပါသေးဘူး။ ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နဲ့ ရှမ်းကတော့ နည်းနည်းပဲပြိုင်ဖို့လျာထားတယ်" ဟု ဆိုသည်။

FUP ပါတီသည် တိုင်းရင်းသားပါတီ၂၀ကျော်မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းကာ ရန်ကုန် အပါအဝင် တိုင်းဒေသကြီး အများစုကို အဓိကထားဝင်ရောက်ရန် လျာထားခြင်းလည်းဖြစ်သည်။

FUP ပါတီက ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ် ၃၄ခု ပြည်ထောင်စု လွှတ်တော်နေရာ အားလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းမဲဆန္ဒနယ်များမှ ဝင်ရောက်မည့် ကိုယ်စားလှယ်များကို သြဂုတ်လ ၁ရက်တွင် အပြီးရွေးချယ် မည်ဟု ပါတီမှသိရသည်။

သြဂုတ်လ ၁ရက်တွင် FUP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ဦးမှ ၅ဦးဖြင့် ဖွဲ့စည်းထားသည့် ကိုယ်စားလှယ်လောင်း စိစစ်ရေးအဖွဲ့ဖြင့် အပြီးသတ်ရွေးချယ်ကာ သြဂုတ်လ ၅ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြမည်ဟု ဦးစောသန်းမြင့်ကပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ရန်ကုန်တိုင်းအတွင်းမှ လွှတ်တော်သုံးခုအတွက် နေရာ အားလုံးအပါအဝင် မဲဆန္ဒနယ်ပေါင်း ၇၄၉နေရာတွင် ယှဉ်ပြိုင်ရန်ဆုံးဖြတ်ထားသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင်ကျင်းပမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်များကို ဇူလိုင် ၂၀ရက်မှ သြဂုတ်လ ၈ရက်အတွင်း အပြီးတင်ပြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly