မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်စီစဉ်နေသည့် အိုင်အက်စ်ထောက်ခံသူတစ်ဦးအား မလေးရှား ထိန်းသိမ်းခဲ့ရဟု ဆို

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်စီစဉ်နေသည့် အိုင်အက်စ်ထောက်ခံသူတစ်ဦးအား မလေးရှား ထိန်းသိမ်းခဲ့ရဟု ဆို

ဇန်နဝါရီ ၅ ။             ။ မြန်မာနိုင်ငံသို့ လာရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်နေသည်ဆိုသော သံသယရှိ အိုင်အက်စ်ထောက်ခံသူတစ်ဦးအား မလေးရှားအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မွတ်ဆလင်များဘက်မှ ထောက်ခံပေးလိုသည့်အနေဖြင့် အရှေ့တောင်အာရှတစ်လွှားမှ စုဆောင်းထားသော အိုင်အက်စ်သစ္စာခံများ၏ တိုက်ခိုက်လာနိုင်မှုအန္တရာယ်နှင့် မြန်မာနိုင်ငံ ကြံုတွေ့နေရကြောင်း မလေးရှား အကြမ်းဖက်မှုနှိမ်နင်းရေးရဲဌာနအကြီးအကဲ Ayob Khan Mydin Pitchay က အင်တာဗျူးတစ်ခုတွင် ပြောကြားသွားသည်။

ယခု ဖမ်းဆီးထိန်းသိမ်းခံရသူမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ကြောင်းနှင့် ၎င်း၏ အမည်ကို ထုတ်ဖော်ထားခြင်းမရှိဘဲ ပြီးခဲ့သည့်လက မလေးရှားတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းအား အကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်နေသည့် ပစ္စည်းများ ပိုင်ဆိုင်ထားမှုဖြင့် စွဲဆိုချမှတ်ရန် စီစဉ်ထားသည်ဟုဆိုပြီး အများဆုံးထောင်ဒဏ်ခုနစ်နှစ် သို့မဟုတ် ငွေဒဏ်တို့ ကျခံရနိုင်ကြောင်း Ayob Khan က ပြောသွားသည်။

အလားတူ နောက်ထပ် စစ်သွေးကြွများလည်း ရခိုင်မှ မွတ်ဆလင်များကို ထောက်ခံသည့်အနေဖြင့် ၎င်းလျှောက်လှမ်းခဲ့သည့်လမ်းအတိုင်း လိုက်ရန်စီစဉ်နေဖွယ်ရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

" ဒီလူက မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေတဲ့သူပါ၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအတွက် တိုက်ခိုက်ပေးလိုနေသူပါ" ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly