ကချင်ပါတီ တစ်ခုုဖွဲ့စည်းနုုိင်ရန် ကချင်နိုင်ငံရေးပါတီ ၄ ပါတီ ပေါင်းပြီ

ကချင်ပါတီ တစ်ခုုဖွဲ့စည်းနုုိင်ရန် ကချင်နိုင်ငံရေးပါတီ ၄ ပါတီ ပေါင်းပြီ
ဓါတ်ပုံ KPCC ဖေ့ဘုတ်

ချင်းမုုိင်(မဇ္စျိမ)၊ဇန်နဝါရီလ ၅ ရက်။           ။ ကချင်ပြည်နယ်၊ ကချင်နုုိင်ငံရေးပါတီ ၄ ခု ပူးပေါင်းပြီး ပါတီတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သွားရန် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပါတီခေါင်းဆောင်များ အစည်းအဝေး ကျင်းပ၍ သဘောတူညီခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုုနှစ်၊ ဧပြီလအတွင်းက ကချင်လူထုု၏ ဆန္ဒအရ ကချင်ပြည်နယ် ဒီမုုိကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားများ ဒီမုုိကရေစီကွန်ရက်ပါတီ(KNCD)နှင့် ကချင်ဒီမုုိကရက်တစ်ပါတီ (KDP)တုုိ့ ပေါင်းစည်း၍ ပါတီတစ်ခုုအဖြစ် ပြန်လည်ဖွဲ့စည်းနုုိင်ခဲ့ရာမှ ယနေ့တွင် KNC ပါတီကလည်း ပြန်လည် ပူးပေါင်းလာသဖြင့် ကချင်နုုိင်ငံရေးပါတီ ၄ ပါတီ ပေါင်းစည်းခြင်းဖြစ်သည်ဟု သိရသည်။ ။

“ကျနော်တိုု့ တစ်ပါတီဖြစ်ရေး မလုုပ်ဆောင်နုုိင်သေးခင်မှာ တပ်ပေါင်းစုု ပုံုစံနဲ့ KPCC ကုုိ ဖွဲ့စည်းထားတယ်။ အဲဒီမှာ ပထမ ၃ ပါတီဘဲ ရှိတယ်။ အခုု KNCလည်း ပါဝင်လာတယ်ပေါ့။ ပူးပေါင်းဆောင်ရွက်ရေးမှာ တပ်ပေါင်းစုုပုံုစံသွားမယ်။ အဲဒီထဲက တချို့ တစ်ပါတီ ဖြစ်ရေးအတွက် ဦးတည်သွားနုုိင်မယ်။ တချို့ တပ်ပေါင်းစုံုဆက်တည်သွားမယ်”ဟုု KSDP ပါတီမှ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောသည်။

“ပြည်သူလူထုုကလည်း ပူးပေါင်းစေချင်တယ်။ ပြောမယ်ဆုုိရင် ပြည်သူလူထုုသဘောထားဆန္ဒကုုိ လုုိက်လျောတဲ့အနေနဲ့လည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ အချင်းချင်း ပြိုင်ဆုုိင် အတုုိက်အခံလုုပ်တာ အကျိုးမရှိဘူး။ ပူးပေါင်းဆောင်ရွက်မှုက အကျိုးရှိတယ်ဆုုိတာ အားလုံုးသဘောပေါက် လက်ခံကြတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

အဆုုိပါ ကချင်နုုိင်ငံရေးပါတီများအနေဖြင့် လာမည့် ရွေးကောက်ပွဲများတွင် ပူးပေါင်း၍ ညှိနှိုင်းကာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ပြောသည်။

“ရွေးကောက်ပွဲမှာလည်း ယှဉ်ပြိုင်သွားဖုုိ့ ရှိတယ်။ မဲဆန္ဒနယ်ခွဲပြီးတော့မှ အချင်းချင်းပြိုင်တာမျိုး မလုုပ်တော့ဘူး။ ကျွန်တော်တိုု့က အတုုိက်အခံပါတီ ပုံုစံမဟုုတ်တော့ဘဲနဲ့ ကျွန်တော်တိုု့ ကုုိယ်စားလှယ်လောင်းတွေလည်း ညှိနှိုင်းပြီးတော့ ရွေးချယ်ကြဖုုိ့ပေါ့။ အဲဒီပုံုစံမျိုးသွားဖိုု့အတွက် အခုုကစပြီး KPCC ဖွဲ့စည်းပြီးတော့ လုုပ်ဆောင်နေတယ်”ဟုု သူက ပြောသည်။

ကချင်နုုိင်ငံရေးပါတီများ ပေါင်းစည်းညှိနှိုင်းရေး လုုပ်ငန်းများ ဖော်ဆောင်ရန်အတွက် တစ်ပါတီမှ ၅ ဦးစီ ၁၅ ဦး ကချင်နုုိင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ (KPCC)ကုုိ ဖွဲ့စည်းထားသည်။

ကချင်ပါတီများ ပူးပေါင်းရန်အတွက် ပါတီခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ရာ KNC ပါတီမှ ဒုုဥက္ကဌ ဒေါက်တာ အောင်တူး အပါအဝင် ခေါင်းဆောင် ၅ ဦး တက်ရောက် ဆွေးနွေး၍ ပေါင်းစည်းခဲ့ခြင်း ဖြစ်သည်ဟုု ဒေါက်တာ တူးဂျာက ပြောသည်။

ကချင်ပြည်သူလူထုုအတွက် ကချင်နုုိင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်အတွက် ပူးပေါင်းရခြင်း ဟုု KNC ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးလန်းယော်က ပြောသည်။

“ကျွန်တော်တုုိ့ စီအီးစီ ဆုံုးဖြတ်ချက်အရ KNCကလည်း ပူးပေါင်းပါဝင်တာပါ။ ကချင်နုုိင်ငံရေးပါတီတွေက ကချင်ပြည်သူတွေရဲ့ လုုပ်ဆောင်နုုိင်မဲ့အရာမျိုး ဥပမာ သဘောထားကြေငြာချက် ထုုတ်တဲ့ဟာမျိုးတိုု့၊ တစ်ခြားကဏ္ဍတွေမှာ အတူ ပူးပေါင်းလုုပ်ဆောင်ဖိုု့အတွက် ကျွန်တော်တိုု့ ပူးပေါင်းပါဝင်ခြင်း ဖြစ်ပါတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ကချင်ပြည်နယ်တွင် ကချင်တုုိင်းရင်းသား နုုိင်ငံရေးပါတီ ၅ ခုုရှိရာမှ ၄ ပါတီ ပေါင်းစည်းနုုိင်ခဲ့ပြီ ဖြစ်ပြီး လီဆူအမျိုးသား ဖွ့ံဖြိုးတုုိးတက်ရေးပါတီ(ဒူးလေးပါတီ-LNDP) ပူးပေါင်းလာနုုိင်ရေးကုုိလည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly