ဘရစ်အုပ်စုဝင်နိုင်ငံများက ရှန်ဟိုင်းတွင် ဖွံ့ဖြိုးမှုဘစ်အသစ် ဖွင့်လှစ် ကမ္ဘာ့ဘဏ်နှင့် IMFတို့ကို ပြိုင်ဆိုင်သည်ဟု ယူဆရ

ဘရစ်အုပ်စုဝင်နိုင်ငံများက ရှန်ဟိုင်းတွင် ဖွံ့ဖြိုးမှုဘစ်အသစ် ဖွင့်လှစ် ကမ္ဘာ့ဘဏ်နှင့် IMFတို့ကို ပြိုင်ဆိုင်သည်ဟု ယူဆရ

ရှန်ဟိုင်း၊ ဇူလိုင်-၂၁ ။     ။ ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက ပွင့်ထွန်းဆဲ စီးပွားရေး ၅နိုင်ငံအုပ်စုဖြစ်သည့် ဘရစ်အုပ်စု (Brics)က ၎င်းတို့၏ ဖွံ့ဖြိုးမှုသစ်ဘဏ် (New Development Bank-NDB)ကို ရှန်ဟိုင်းတွင် ဇူလိုင်လ ၂၁ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

NDB က အခြေခံအဆောက်အအုံ စီမံကိန်းများကို ကူညီမတည်ပေးရန်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ အားငွေထုတ်ချေး သွားမည်ဖြစ် သည်။ အုပ်စုက ပြိုင်ဘက်မဟုတ် ဟုပြောသော်လည်း NDBကို ကမ္ဘာ့ဘဏ်နှင့်နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ IMF တို့မှ အပဖြစ်သော အခြားရွေးချယ်စရာတစ်ခုအဖြစ် ယူဆကြသည်။

‘ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရှိပြီးသားဘဏ်တွေကို ပြိုင်ဆိုင်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ရှိပြီး သားတွေကို ပိုကောင်းအောင်လုပ်တာပါ’’ဟု NDB၏ ဥက္ကဌ ခွန်ဒါပူ ဝါမန် ခါမတ်က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကိုလုံလောက်သော မဲပေးခွင့်မပေးသည့်အတွက် ဘရစ်အုပ်စုဝင်နိုင်ငံများက ကမ္ဘာ့ဘဏ်နှင့် IMF တို့ကိုပြင်းပြင်း ထန်ထန်ဝေဖန်နေသည်။ NDB ဘဏ်က ၎င်း၏ ပထမဆုံးချေးငွေ ကိုနောက်နှစ် အစောပိုင်းလောက်တွင် ထုတ်ပေးမည် ဟုမျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly