လွတ်လပ်ရေးနဲ့အပြိုင် ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ယခုနှစ်မှစပြီး ငြိမ်းချမ်းရေးနှစ်သတ်မှတ်နိုင်ရန် NLD နာယက ဦးတင်ဦး တိုက်တွန်း

လွတ်လပ်ရေးနဲ့အပြိုင် ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ယခုနှစ်မှစပြီး ငြိမ်းချမ်းရေးနှစ်သတ်မှတ်နိုင်ရန် NLD နာယက ဦးတင်ဦး တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၄ ။          ။ လွတ်လပ်ရေးနဲ့အပြိုင်ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို  ဒီကနေ့့မှာကျရောက်တဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနှစ်ပတ်လည်မှစပြီး ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ဖို့ တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ယနေ့ ပြောကြားလိုက်သည်။

ဒီကနေ့မနက် ရန်ကုန်မြို့၊ရွေဂုံတိုင်ရုံးချုပ်မှာ ပြုလုပ်တဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားမှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။  

" လွတ်လပ်ရေးနဲ့အပြိုင်ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အခု ၆၉ နှစ်မြောက် လွတ်လပ်ရေးနှစ်ပတ်လည်နေ့ကစတင်ပြီး ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်အောင် အားလုံးက ၀ိုင်းဝန်းပြီး ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းပါတယ် " ဟု ဦးတင်ဦးက ပြောဆိုသည်။

ယခုနှစ်လွတ်လပ်ရေးနှစ်တွင် ဦးတင်ဦးသာမက နိုင်ငံတော်သမ္မတနှင့် သူရရွှေမန်းတို့ကလည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး အသီးသီး စကားဆိုခဲ့ကြသည်။

နိုင်ငံတော် သမ္မတဦးထင်ကျော်က တောင်ပေါ် မြေပြန့်၊ ပြည်နယ် ပြည်မမခွဲခြားဘဲ ကျရာဏ္ဍမှ  ပြည်ထောင် စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောထားသလို သူရရွှေမန်းကလည်း ပြည်တွင်း စစ်ဆိုးမွေကြောင့် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ခြိမ်းခြောက်နေတယ်ဟု ပြောထားသေးသည်။  

NLD ရွှေဂုံတိုင်ရုံးချုပ်တွင် ပြုလုပ်ခဲ့သော လွတ်လပ်ရေးနေ့အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာ သံအမတ်များနှင့် NLD အဖွဲ့ဝင်များ တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly