စုန်းကဝေမဟုဆိုကာ အိန္ဒိယတွင် အမျိုးသမီးကြီးတစ်ဦးအား ရွာသားများ ကခေါင်းဖြတ်သတ်

စုန်းကဝေမဟုဆိုကာ အိန္ဒိယတွင် အမျိုးသမီးကြီးတစ်ဦးအား ရွာသားများ ကခေါင်းဖြတ်သတ်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး စုန်းကဝေ အတတ်များပြုစား သည်ဆို ကာ ကိုယ်တုံးလုံးဖြင့် တရွတ်ဆွဲခေါ်ကာ ရွာသားများက ခေါင်းဖြတ်သတ်လိုက်ကြမှုဖြစ်ပွားခဲ့သည်။

ရွာတွင် နာဖျားမကျန်းဖြစ်မှုများက ယင်းစုန်းမဖြစ်သည်ဟုဆိုသည့် အသက် ၆၃ ဦးအရွယ် မိန်းမကြီးကြောင့်ဟု ရွာသူရွာသားများ က စွပ်စွဲထင်မြင် ထားကြသည်။

ယခုကဲ့သို့သော ထင်မြင်စွပ်စွဲမှုများဖြင့် ခေါင်းဖြတ်သတ်ခြင်း၊ မီးရှို့သတ်ခြင်းနှင့် ဓားဖြင့်ထိုးခုတ်သတ်ခြင်းခံရသူပေါင်းမှာ ကုန်လွန်ခဲ့သည့် ခြောက်နှစ်တာအတွင်း အယောက်ပေါင်း ၉၀ နီးပါးရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြကြောင်း အာသံပြည် နယ်ရဲဌာနကပြောသည်။

ယင်းပြည်နယ်အတွင်း မျိုးနွယ်လူမျိုးစုများနှင့် လက်ဖက်စိုက်တောင်သူများကြားတွင် စုန်းအဖြစ် ယုံမှတ်စွပ်စွဲမှုများက ရှိနေသည်။

ယခုခေါင်းဖြတ်သတ်မှုဖြစ်ပွားခဲ့သည့် ဆိုနီပူခရိုင်တွင်းက ရွာမှာ လူအများ နာဖျာမကျန်းဖြစ်ရာမှ ယခုအမျိုးသမီးကို စုန်းအဖြစ် စွပ်စွဲသမုတ်ကာ သတ်ဖြတ်ကြခြင်းဖြစ်ကြောင်း ရဲက ဘီဘီစီတို့ပြောခဲ့သည်။

အောက်တိုဘာလအတွင်းကလည်း အာသံပြည်နယ်တွင်းပင် အားကစားသမားတစ်ဦးကို စုန်းအဖြစ်သမုတ်ကာ ဝိုင်းဝန်း ရိုက်နှက်ကြမှုဖြစ်ပွားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly