ဟစ်တလာရေးသည့် ကျွနု်ပ်၏ ကြိုပမ်းမှု စာအုပ် ဂျာမနီတွင် အရောင်းသွက်၍ နောက်တစ်ကြိမ်ရိုက်နှိပ်ထုတ်ဝေမည်

ဟစ်တလာရေးသည့် ကျွနု်ပ်၏ ကြိုပမ်းမှု စာအုပ် ဂျာမနီတွင် အရောင်းသွက်၍ နောက်တစ်ကြိမ်ရိုက်နှိပ်ထုတ်ဝေမည်

ဘာလင်၊ ဇန်နဝါရီ ၃ ။              ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျာမနီတွင် ပထမဆုံး ပြန်လည်ပုံနှိပ်ထုတ်ဝေသည့် ဟစ်တလာရေးသားသော Mein Kampf ကျွနု်ပ်၏ ကြိုးပမ်းမှုစာအုပ်က အံ့အားသင့်စဖွယ် အရောင်းရဆုံးဖြစ်နေကာ ခြောက်ကြိမ်မြောက် ပြန်လည်ရိုက်နှိပ်ဖြစ်ဖို့ပင် ရှိနေကြောင်း ထုတ်ဝေသူက ပြောသည်။

နာဇီခေါင်းဆောင် ဟစ်တလာ၏ မူဝါဒသဘောထားများဖြစ်သော ယင်းစာအုပ်အား ပြီးခဲ့သည့် ဇန်နဝါရီလက စတင် အသစ်ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ကာ အုပ်ရေ ၈၅၀၀၀ နီးပါး ရောင်းထွက်ပြီးဖြစ်ကြောင်း Institute of Contemporary History of Munich အဖွဲ့က ပြောသည်။

သို့သော်လည်း ရိုက်နှိပ်စဉ်က ခေတ်ပြိုင်နိုင်ငံရေးအသိုင်းအဝန်းကြား အာဏာရှင်ဆန်သော နိုင်ငံရေးသဘောထားအမြင်များ တစ်ဖန်ပေါက်ဖွားစေမည်ဟု ငြင်းခုံမှုများ ရှိထားခဲ့သည့် ယင်းစာအုပ်နှင့် ပတ်သက်ပြီး လက်ယာစွန်းအယူအဆများကို အားပေးထောက်ခံခြင်းမဟုတ်ဟု သြဇာရှိသော ယင်းအဖွဲ့က ပြောခဲ့သည်။

ကနဦးက စာအုပ်အား အုပ်ရေ ၄၀၀၀ သာ ရိုက်နှိပ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း လွန်လွန်ကဲကဲအဝယ်လိုက်ခြင်းကြောင့် ချက်ချင်းတိုးမြှင့်ထုတ်ဝေခဲ့ရခြင်းဖြစ်သည်။ ယခုဇန်နဝါရီနောက်ပိုင်းတွင်လည်း ခြောက်ကြိမ်မြောက်အဖြစ် ဟစ်တလာ၏ Mein Kampt စာအုပ်အား ထပ်မံရိုက်နှိပ်ထုတ်ဝေရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly