အလိုအလျောက် မောင်းတဲ့ကား မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မလား

အလိုအလျောက် မောင်းတဲ့ကား မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မလား

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆမှုပေါင်း ရ၀၀ ကျော်ဖြစ်ခဲ့ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒီလို ယာဉ်မတော်တဆမှုတွေနဲ့   သေဆုံးမှုတွေ လျော့ကျစေဖို့ အလိုအလျောက် မောင်းနှင်စနစ်သုံးကားတွေ အမေရိကန်နိုင်ငံ Californiaမှာ စတင် စမ်းသပ် မောင်းနင်နေပါပြီ။ အလိုအလျောက် မောင်းတာကြောင် စနစ်ကျပြီး တိကျတဲ့စနစ်နဲ့ စည်းစနစ်တွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလိုကားတွေ အလုပ်ဖြစ်မလားဆိုတာ စဉ်းစားစရာပါ။

ဒီကားရဲ့ စွမ်းရည်ကတော့ ကားရဲ့ ပရဝဏ်အနီးအနားတစ်ဝိုက်က နေရာတိုင်းကို အချိန်တိုင်းကြည့်နေတဲ့ ကင်မရာတွေ တပ်ဆင်ထားတာပါ။ ၃၆၀ ဒီဂရီအပြည့်အဝ မြင်နိုင်စွမ်းပါတယ်။ ပုံမှန်ကားတွေရဲ့ ဘေး ဘယ်၊ညာ နောက်ကြည့်မှန်တစ်ခုစီမှာ ကင်မရာတပ်ထားပါတယ်။ ကားအတွင်းဘက်က နောက်ကြည့်မှန်မှာကင်မရာ နှစ်လုံး ကားရှေ့တည့်တည့်မှာလည်း ကင်မရာ တစ်လုံး တပ်ဆင်ထားပါတယ်။ ရေဒါနဲ့ ဆင်ဆာ စနစ်တွေကိုတော့ အချက်ပြမီးအောက်ဘက် ဘယ်၊ညာ တစ်ချက်စီနဲ့ နောက်ဘက်က ဆီအဖုံးနားမှာ တပ်ဆင်ထားတာပါ။

ကားအတွင်းဘက်က နောက်ကြည့်မှန်က ကင်မရာ နှစ်လုံးကို ကားအတွင်းကကွန်ပျူတာနဲ့ ချိတ်ဆက်ထားပါတယ်။ ဒီကင်မရာမြင်ကွင်းထဲကို ဝင်လာတဲ့ အရာတွေနဲ့ အန္တရယ်ပေးနိုင်တဲ့ အချက်အလက်တွေ၊ အကွာအဝေးတွေကို ကားထဲက ကွန်ပျူတာက တွက်ချက်ပါတယ်။ စက်ဘီးလာတာလား၊ ဆိုက္ကားလာတာလား မြန်နှုန်း ဘယ်လောက်ရှိလဲ တွက်ချက်ပါတယ်။ ရလာတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ကားကို မြန်နှုန်းလျော့တာ တင်တာ၊ ဘယ်ကွေ့တာ ညာကွေ့တာ၊ ရပ်တာ စသဖြင့် ကားက အလိုအလျောက် အလုပ်လုပ်မှာပါ။

ဒါ့အပြင် မီးပွိုင့် ပြဿနာကိုလည်း ဖြေရှင်းထားပါသေးတယ်။ ရှေ့ကင်မရာထဲကို ဝင်လာတဲ့ မီးပွိုင့်ရဲ့ အချက်ပြမှုတွေကို တွက်ချက်ပြီး ရပ်တာ၊ အရှိန်လျော့တာ၊ မောင်တာတွေ အလိုအလျောက် အလုပ်လုပ်ပါမယ်။ မြန်မာနိုင်ငံရဲ့ မီးပွိုင့်အချို့ကတော့ နီချင်သလိုနီ၊ စိမ်းချင်သလို စိမ်းတတ်တာမို့ အလိုအလျောက် မောင်းနင်တဲ့ ဒီကားတွေ မျက်စိလည်သွားနိုင်ပါတယ်။

ကားမှာတပ်ထားတဲ့ ရေဒါကတော့ ကိုယ့်ကားဘေးက ဖြတ်သွားတဲ့အရာတွေကို မှတ်တမ်းတင်ထားပြီး ကိုယ့်ကားနဲ့ ဘယ်လောက် အကွာဝေးမှာရှိနေတယ်ဆိုတာကို တွက်ချက်မှာပါ။ဒီတွက်ချက်မှုဟာ မီတာ ၂၀၀ လောက်အထိ တွက်ချက်နိုင်ပြီး ညဘက်မှာလည်း ရေဒါက အလုပ်လုပ်ပါတယ်။

ဒီကားတွေဟာ ရာသီဥတု အခြေအနေကိုလည်း မှန်းဆနိုင်ပါတယ်။ ဥပမာ နှင်းကျရင် အရှိန်လျော့တာ၊ မိုးရွာရင် ဘရိတ်ဖမ်းတာမျိုးတွေ လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းတွေမှာ ဒီကားတွေ ဘယ်တော့ရောက်လာမလဲ ဆိုတာကတော့ မှန်းဆလို့မရသေးပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly