ချီလီတွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပေါင်း ၁၀၀ ကျော်မီးထဲပါသွားခဲ့ပြီး ဒေသခံရာပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ချီလီတွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပေါင်း ၁၀၀ ကျော်မီးထဲပါသွားခဲ့ပြီး ဒေသခံရာပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဇန်နဝါရီ ၃ ။            ။ ချီလီနိုင်ငံ ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Valparaiso ၏ တောင်ကုန်းထူထပ်ရာအရပ်တွင် ဇန်နဝါရီလ ၂ ရက်က တောမီးများ လောင်ကျွမ်းခဲ့ရာ နေအိမ်ပေါင်း ၁၀၀ ကျော် မီးလောင်ကျွမ်းခံလိုက်ရပြီး အာဏာပိုင်များက ဒေသခံရာပေါင်းများစွာကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။

သမိုင်းဝင်မြို့ အစွန်အဖျားနေရာများတွင် လောင်ကျွမ်းနေခဲ့သော တောမီးကြောင့် အနည်းဆုံး ၁၉ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချီလီအစိုးရက ထုတ်ပြန်သည်။

ယခုအခါ မီးသတ်သမားများသည်လည်း မီးသတ်လေယာဉ်များနှင့် ရေသယ်ယာဉ်တို့နှင့်အကူအညီဖြင့် တောမီးများကို ငြိမ်းသတ်နိုင်ရန် ကြိုးပမ်းနေလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

" အခြေအနေပေါ်မူတည်ပြီး အရေးပေါ် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ထားပြီးပါပြီ" ဟု ချီလီ သမ္မတ Michelle Bachelet က တွစ်တာမှတဆင့် ရေးသားထားသည်။

" နေအိမ်ပေါင်း ၅၀၀ ရှိတဲ့ အဲဒီအပိုင်းမှာ တောမီးကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါပြီ " ဟု ပြည်ထဲရေးဒုဝန်ကြီး Mahmud Aleuy က ပြောသည်။

တောမီးများမှာ ယခုအခါ အကျယ် ဟက်တာပေါင်း ၅၀ ရှိ သစ်တောဧရိယာတစ်ခု ပျက်ဆီးသွားခဲ့ပြီဖြစ်ကြောင်း ချီလီအမျိုးသား အရေးပေါ်ရုံးက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly