ဘရာဇီးတွင် ထောင်ဆူမှုဖြစ်ကာ အကျဉ်းသားများ ခေါင်းဖြတ်သတ်ခံရပြီး ၅၆ ဦးသေဆုံး

ဘရာဇီးတွင် ထောင်ဆူမှုဖြစ်ကာ အကျဉ်းသားများ ခေါင်းဖြတ်သတ်ခံရပြီး ၅၆ ဦးသေဆုံး

ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၃ ။              ။ ဘရာဇီးနိုင်ငံက အကျဉ်းထောင်တစ်ခု၌ ဂိုဏ်းအဖွဲ့နှစ်ရပ်ကြား သည်းသည်းထန်ထန် တိုက်ခိုက်မှုဖြစ်ပွားကာ အကျဉ်းသားများ ခေါင်းဖြတ်သတ်ခံရပြီး သေဆုံးသူ ၅၆ ဦးရှိကာ ၁၄၄ ဦးက လွတ်မြောက်သွားကြောင်း ဇန်နဝါရီ ၂ ရက်၌ တာဝန်ရှိသူများက ပြောသည်။

အမေဇုံနားပြည်နယ်၏ မြို့တော် မန်နော့ဆင်ခြေဖုံးရပ်ရှိ အကျဉ်းထောင်တွင် ဖြစ်ပွားသော အဆိုပါ ထောင်ဆူမှုသည် ဇန်နဝါရီ ၁ ရက်က စတင်ဖြစ်ပွားခြင်းဖြစ်ကာ ယင်းနေ့တစ်ညလုံး ဆက်လက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ပြည်သူ့လုံခြံုရေးဝန်ကြီး ဆာဂျီယိုဖောင့်က ပြောသည်။

အကျဉ်းခန်းများတွင် သွေးသံရဲရဲအလောင်းများ၊ မီးလောင်ကျွမ်းအလောင်းများ စုပုံထားသည်ကို မြင်တွေ့ရကြောင်း  အခင်းဖြစ်ရာသို့ ရောက်ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်က ပြောသည်။

အစောပိုင်းက သေဆုံးသူပေါင်း ၆၀ ရှိကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ၅၆ ယောက်ရှိသည်ဟု ပြည်သူ့လုံခြံုရေးဝန်ကြီးဌာနက ပြောသည်။

ယခုအကျဉ်းထောင်အတွင်း တိုက်ပွဲသည် ပြီးခဲ့သည့်် ဆယ်စုနှစ်များစွာအတွင်း လက်တင်အမေရိကအတွင်း သေဆုံးမှုများသည့် အကျဉ်းထောင်ဆူပူမှုများ၌ အဆိုးဆုံးတစ်ခုလည်းဖြစ်သည်။

နိုင်ငံတွင်းမှာ ဖြစ်ပွားသည့် အကျဉ်းထောင်ဆူပူမှုတွင် “အဆိုးဆုံး သတ်ဖြတ်မှုများ ဖြစ်ပွားခြင်း”ဖြစ်ကြောင်း ဖောင့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly