ဟောလိ၀ုဒ်စာတန်းအား နောက်ပြောင်သူတစ်ဦး ပြောင်းထားခဲ့

ဟောလိ၀ုဒ်စာတန်းအား နောက်ပြောင်သူတစ်ဦး ပြောင်းထားခဲ့

ဇန်နဝါရီ ၂ ရက် ။             ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ဟောလိ၀ုဒ်စာတန်းကို နောက်ပြောင် ကျီစယ်သူတစ်ဦးက စာလုံးတွေပြောင်းလဲခဲ့ကြောင်း Sky သတင်းတွင် ဖော်ပြထားသည်။ ဟောလိ၀ုဒ်စာတန်းကြီး၏ အို (၂) လုံးနေရာတွင် အီး (၂) လုံးထည့်ပြီး ဟောလိ၀ိ ဖြစ်အောင် လုပ်ကြံဖန်တီးသွားခဲ့ခြင်း ဖြစ်ပြီး  ၀ိဆိုတာ ဆေးခြောက်ကို ရည်ညွှန်းသည့်စကားလုံး ဖြစ်သည်။

ကယ်လီဖိုးနီးယား၊လော့အန်ဂျလိစ်ဒေသခံများသည် နှစ်သစ်ကူး မနက်ခင်းတွင် ဟောလိ၀ိဆိုသည့်စာတန်း အကြီးကြီးကို မြင်တွေ့ခဲ့ကြရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က သဲလွန်စရရှိဖို့ စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။

ဟောလိ၀ုဒ်တည်ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆေးခြောက်ကို အပန်းဖြေသဘောဖြင့် တရားဝင်အသုံးပြုခွင့်ရရှိရေးအတွက် ပြီးခဲ့သည့့်နိုဝင်ဘာလအတွင်း မဲခွဲဆုံးဖြတ်ခဲ့ကြပြီး မဲရလဒ်အရ လာမည့် ၂၀၁၈ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ရရှိတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags