အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် အသေခံကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၂ ဦးသေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် အသေခံကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၂ ဦးသေဆုံး

ဇန်နဝါရီ ၂ ။              ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လူနေထူထပ်သည့် နေရာတစ်ခုတွင် ဇန်နဝါရီ ၂ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၃၂ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားသည်ဟု ရဲများက ပြောသည်။

သေဆုံးသူအများစုမှာ နေ့စားအလုပ်သမားများ ဖြစ်ကြကြောင်းနှင့် ယခုဖြစ်စဉ်မှာ ဘဂ္ဂဒက်မြို့ အရှေ့မြောက် ရှီးအိုက်မျိူးနွယ်စုများ နေထိုင်ရာ Sadr မြို့တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

ရဲအရာရှိတစ်ဦး၏ ထုတ်ဖော်ပြောကြားမှုအရ သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၆၁ ဦး ရှိခဲ့ပြီး သုံးရက်တာအတွင်း ဘဂ္ဂဒက်မြို့တွင်း၌ နှစ်ကြိမ်မြောက် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။

ယင်းမတိုင်မီက မြို့လယ်လူစည်ကားရာ စျေးတစ်ခု၌ အသေခံဖောက်ခွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ၂၇ ဦးထက်မနည်း သေဆုံးသွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly