၂၀၁၆ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံး ဓာတ်ပုံများ

၂၀၁၆ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံး ဓာတ်ပုံများ

၂၀၁၆ခုနှစ်အတွက်  ကမ္ဘာ့တစ်ဝှမ်းရိုက်ကူးခဲ့သော ဓာတ်ပုံများ အနက် အကောင်းဆုံး ပုံ ၃၀ ကို ရွေးချယ်ပြီး AFP သတင်းဌာနမှ ဖော်ပြခဲ့သည်။

 လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ဘရာဇီးကလပ် ချာပက်ကိုယန်စီဘောလုံးအသင်းမှ အသင်းသားများအား ဂုဏ်ပြုသည့်အခမ်းအနားတွင် ပွဲကြည့်စင်ပေါ်၌ တစ်ဦးတည်း မှိုင်တွေစွာ ထိုင်နေသော ကောင်လေးတစ်ဦးအား တွေ့ရစဉ်။

အလက်ပိုမြို့တွင်းတစ်နေရာ ဗုံးကြဲတိုက်ခိုက်မှုခံရပြီးနောက် အုတ်ပုံအကျိုးအပဲ့များအတွင်း ညှပ်မိနေသည့် သနားစဖွယ် ကလေးငယ်တစ်ဦးအား ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်နေစဉ်။

ဘရာဇီးနိုင်ငံ၊  ရီယိုဒီဂျနေရိုးပြည်နယ် ၊ လွှတ်တော်အဆောက်အအုံရှေ့၌ အစိုးရ၏ ခြိုးခြံချွေတာရေးအစီအစဉ်များအပေါ် ကန့်ကွက်ဆန္ဒပြနေသည့် အမျိုးသမီးအစိုးရအမှုထမ်းတစ်ဦးကို တွေ့ရစဉ်။

အမေရိကန်ရွေးကောက်ပွဲ၌ အနိုင်ရရှိသွားခဲ့သည့် ဒေါ်နယ်ထရန့်အား ကန့်ကွက်ဆန္ဒပြသူများက ၂၀၁၆ ၊ နိုဝင်ဘာ ၁၂ ရက်က ထရန့်တာဝါရှေ့သို့ ချီတက်ဆန္ဒပြစဉ်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မီးပုံပျံလွှတ်တင်ရာမှတဆင့် ကောင်းကင်ပေါ်မှကျဆင်းလာသော မီးပန်းများကို ကာကွယ်နေကြရသူများကို ရိုက်ကူးထားစဉ်။

မိုးဆူးလ်မြို့တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် အီရတ်အမျိုးသမီးတစ်ဦး သူမ၏ ကြောင်ကိုပါ တစ်ပါတည်း ခေါ်ဆောင်ကာ အကြိုအပို့ ကားအလာကို စောင့်ဆိုင်းနေစဉ်။

 ပြင်သစ်နိုင်ငံမြောက်ပိုင်း၊ Calais ရှိ ဒုက္ခသည်စခန်း၌ ရှို့မီးများကြောင့် ထွက်ပေါ်နေသော မီးခိုးများကို ရွှေ့ပြောင်းဒုက္ခသည်များ ကြည့်ရှုနေကြစဉ်။

နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော၏ ရုပ်အလောင်းကို သယ်ဆောင်စဉ် အခိုက်အတန့် ၊ ဘုရင်ကြီး၏ ဓာတ်ပုံကို တင်းကျပ်စွာ ပိုက်ထားရင်း ပူဆွေးနေသော ထိုင်းပြည်သူတစ်ဦးကို တွေ့ရစဉ်။

ဟေတီတွင် ဟာရီကိန်း မက်သရူး ၀င်ရောက်မွှေနှောက်သွားခဲ့ပြီးနောက် ပျက်စီးကြေမွနေသော နေအိမ်အဆောက်အဦများကို တွေ့ရစဉ်။

လစ်ဗျားနိုင်ငံမြောက်ပိုင်း၊ မြေထဲပင်လယ်ထဲတွင် ရွှေ့ပြောင်းများက ကလေးငယ်တစ်ဦးအား ကူညီဆွဲတင်ပေးနေသည့် မြင်ကွင်းကို တွေ့ရစဉ်။

စပိန်နိုင်ငံ အရှေ့မြောက် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Taragona တွင် ကျင်းပပြုလုပ်သည့် လူသားမျှော်စင်တည်ဆောက်မှု ပြိုင်ပွဲ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။

သမိုင်းဝင် ကိုလံဘီယာ ငြိမ်းချမ်းရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအပြီးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ချီလီသမ္မတ မစ်ချယ်လီ ဘက်ချ်လက်နှင့် ကိုလံဘီယာသမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်တို့အား အတူတွေ့ရစဉ်။

 ပြင်သစ်အစိုးရ၏ အငြင်းပွားဖွယ် အလုပ်သမားပြုပြင်ပြောင်းလဲမှုများအပေါ် ကန့်ကွက်ဆန္ဒပြပွဲများအတွင်း မီးစွဲလောင်ခံနေရသော ရဲတစ်ဦးအားတွေ့ရစဉ်။

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့သူပုန်များ၊ ထိန်းချုပ်ရာနေရာတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အဆောက်အအုံအပျက်အစီးများကြားမှ ကလေးများချီကာ ထွက်ပြေးလာနေကြသည့် ဆီးရီးယားအမျိုးသားများအား တွေ့ရစဉ်။

ဖိလစ်ပိုင်နိုင်ငံ၊  မနီလာမြို့ရှိ အကျဉ်းထောင်တစ်ခုအတွင်းရှိ လှေကားအဆင့်များပေါ်တွင် ဖြစ်သလို အိပ်နေကြရသည့် အကျဉ်းသားများကို တွေ့ရစဉ်။ ဆယ်စုနှစ်၊ ခြောက်စုအကြာကတည်းက တည်ဆောက်ထားခဲ့သော ယင်းထောင်မှာ အကျဉ်းသား ၈၀၀ သာ ၀င်ဆံ့သော်လည်း ယခုအခါ အကျဉ်းသား ၃,၈၀၀ ထိ ရှိနေသည်ဟု သိရ။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး လက်ထက် လုပ်ဆောင်ခဲ့သော မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်း အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်သတ်ခံလိုက်ရသော လင်ယောကျ်ားဖြစ်သူကို ဖက်တွယ်ထားသည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။

 မအောင်မြင်ခဲ့သည့် တူရကီအာဏာသိမ်းမှုအပြီး အာဏာသိမ်းကြိုးပမ်းမှုတွင်ပါ၀င်ခဲ့သည့် စစ်သားတစ်ဦးကို ပြည်သူများက ရဲလက်သို့ အပ်ရန် ခေါ်ဆောင်လာစဉ်။

အီးယူဆန္ဒခံယူပွဲ မဲရလဒ်ထွက်ပေါ်ပြီး ရာထူးမှ နှုတ်ထွက်ခဲ့သည့် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဇနီး၊ သားနှင့် သမီးနှစ်ဦးတို့နှင့်အတူ ဒေါင်းနင်းလမ်းနေအိမ်၊ အမှတ် ၁၀ ရှေ့၌ နှုတ်ဆက်စကားပြောနေစဉ်။

ဂရိနှင့် မက်ဆီဒိုးနီးယား နယ်စပ် ဒုက္ခသည်စခန်းတစ်ခု၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတစ်ခုတွင် ကိုယ့်ကိုယ့်ကိုယ် မီးရှို့ပြီး ထွက်ပြေးလာသော ရွှေ့ပြောင်း အမျိုးသားတစ်ဦးကို တွေ့ရစဉ်။

ဘရာဇီးတွင် သမ္မတ ဒီလ်မာ ရူးဆက်ဖ် နှုတ်ထွက်ရေး တောင်းဆိုဆန္ဒပြကြသူများ ဆောပေါ်လိုမြို့ ပေါ်လစ်စတာလမ်းတွင် စုဝေးရောက်ရှိနေစဉ်။

ဆီးရီးယားရှိ အလက်ပိုမြို့၊ သူပုန်များထိန်းချုပ်ရာအရပ်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုအပြီး အပျက်အစီးအကျိုးအပဲ့များအကြား ညှပ်နေသူတစ်ဦးကို ကယ်ဆယ်ရေးများက ကူညီဆွဲထုတ်နေစဉ်။

အိန္ဒိယနိုင်ငံ၊ မြို့တွင်းလမ်းတစ်ခုအတွင်းသို့ ဆင်ရိုင်းတစ်ကောင် မေ့ဆေးမြှားတန်းလန်းဖြင့် ၀င်ရောက်လာစဉ်။

ကမ္ဘာကျော်ဘောလုံးသမား လီယွန်နယ်မက်ဆီကို အထူးအားပေးသူ အာဖဂန်ကလေးငယ် မက်ဆီနာမည်ရေးထားသော ပလတ်စတစ်အကျႌဝတ်ကာ ဘောလုံးကစားနေစဉ်။

တူရကီတပ်များက ခွဲထွက်ကာဒစ်အလုပ်သမားပါတီအဖွဲ့အပေါ် ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီးနောက် နိုင်ငံအရှေ့တောင်ပိုင်း မြို့တစ်ခု၌ ပျက်စီးနေသော အိမ်တစ်လုံးအတွင်းမှ အမျိုးသမီးတစ်ဦးနှင့် သူမ၏ ကလေးငယ်များကို တွေ့ရစဉ်။

အီရတ်တွင် အိုင်အက်စ်တို့လက်တွင်းကျရောက်ထားသော ဒေသများကို အီရတ်တပ်များ ပြန်လည်တိုက်ခိုက်သိမ်းယူသည့်စစ်ပွဲကာလအတွင်း Sammarra မြို့ အနောက်ပိုင်းသဲကန္တရတစ်ခု၌   နေရပ်စွန့်ခွာထွက်ပြေးလာကြရသော မိသားစုတစ်စုကို တွေ့ရစဉ်။

ကင်ညာနိုင်ငံတွင် တရားမဝင်ဆင်စွယ်နှင့် တိရိစ္ဆာန် ဦးချိုများ ကူးသန်းရောင်းဝယ်နေမှုကို ပိတ်ပင်တားမြစ်သည့်အနေဖြင့် သိမ်းဆည်းရမိထားသော ဆင်စွယ်၊ ဦးချိုများကို မီးပုံရှို့နေစဉ်။

ဘယ်သွားသွား သခင်နှင့်အတူ ဆိုင်ကယ်လိုက်စီးတတ်သည်ဆိုသည့် Chiquinho အမည်ရ ၁၂ နှစ်သားအရွယ် ကြောင်ကြီး သခင်ဖြစ်သူနှင့့်အတူ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ထဲတွင် ဆိုင်ကယ်စီးနေစဉ်။

အီတလီအလယ်ပိုင်းတွင် ၂၀၁၆ သြဂုတ်လက ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အပျက်အစီးအပုံများအကြား ပိတ်မိနေသူများကို ဒေသခံများက ရှာဖွေနေစဉ်။

 ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတစ်ခု၌ ပြိုင်ဘက်ဖြစ်သူ ကနေဒါနိုင်ငံသား အန်ဒရီ ဒီဂရက်စ်အား ပြေးရင်းလွှားရင်း စနောက်နေသော ဂျမေကာအပြေးသမား အူစိန်ဘော့အား တွေ့ရစဉ်။

 မိုဂါဒစ်ရှုးမြို့တောင်ဘက်၊ စာသင်ကျောင်းတစ်ခု၌ နေ့လည်ထမင်းစားနားချိန်အတွင်း ဘောလုံးကန်နေကြသော ဆိုမာလီယာကျောင်းသူမိန်းကလေးများအား တွေ့ရစဉ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly