ငြိမ်းချမ်းရေးရဖို့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ အမြန်ဆုံုးကြိုးစားကြဖို့လိုပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေးရဖို့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ အမြန်ဆုံုးကြိုးစားကြဖို့လိုပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ဖြူစင်သန့်ရှင်းသည့် စိတ်ဓာတ်ဖြင့် အမြန်ဆုံးကြိုးစားကြဖို့ လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“အခုထိ ငြိမ်းချမ်းရေးမရသေးဘူးဆိုတာတော့ ဒါဟာ အချိန်တွေလွန်လာပြီလို့ ထင်ပါတယ်။ အချိန်တွေ လွန်လာလို့ ဒီနှစ်မှာပဲ ငြိမ်းချမ်းရေးပန်းတိုင်ကို တစ်ကယ့်ကို တည့်တည့်မတ်မတ်သွားနိုင်ပြီဆိုတဲ့ အခြေအနေဖြစ်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကြိုးစားစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁ရက်ကပြုလုပ်သော နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၁၇ခုနှစ်၏ ပထမဆုံးနေ့ရက်ဖြစ်သော ယနေ့ကစပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဖြူစင်တဲ့စိတ်ဓာတ်တွေနဲ့ ဆက်သွားကြပါစို့ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသည်။

“တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ဖြူစင်သန့်ရှင်းတဲ့စိတ်ထားတွေ မထားဘဲနဲ့တော့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ မရနိုင်ပါဘူး။ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုလည်း ကျွန်မတို့ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly