လူပေါင်း ၃၅ယောက်အား သေဆုံးစေခဲ့သော အီစတန်ဘူလ်နိုက်ကလပ်တိုက်ခိုက်ခံရမှု

လူပေါင်း ၃၅ယောက်အား သေဆုံးစေခဲ့သော အီစတန်ဘူလ်နိုက်ကလပ်တိုက်ခိုက်ခံရမှု

နှစ်သစ်ကူးအကြိုညတွင် အီစတန်ဘူလ်ရှိနိုက်ကလပ်တိုက်ခိုက်ခံရမှု၌ သေဆုံးခဲ့သောသူများထဲတွင် ရဲအရာရှိ တစ်ဦးပါ၀င်ပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်တယ်လို့ Vasip Sahin ကပြောခဲ့ပါသည်။

Ortakoy ဒေသထဲရှိ Reina နိုက်ကလပ်၌ ဒေသစံတော်ချိန်ည ၁:၃၀နာရီတွင်ဖြစ်ပွားခဲ့သော တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၃၅ယောက်ခန့်ရှိပြီး နောက်ထပ်အနည်းဆုံးလူပေါင်း ၄၀လောက ်ဒဏ်ရာအပြင်းအထန ရရှိခဲ့ကြောင်း သိရပါသည်။

တိုက်ခိုက်သူဟာ တစ်ယောက်တည်းဖြစ်ပြီး သူဟာခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံက ိုဝတ်ဆင်၍ သေနတ်နှင့် ပစ်ခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောခဲ့ပါသည်။ သူဟာနိုက်လပ်ထဲကို မဝင်ရောက်မီတွင် အပြင်ဘက် ၌ ရဲအရာရှိတစ်ဦးက ိုအရင်ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။ ထိုသူသေနတ်နှင့် ပစ်ခတ်ချိန်တွင် ကလပ်ထဲ၍ လူပေါင်း ၆၀၀ မှ ရ၀၀ အတွင်းရှိနေပြီး အချို့သောသူတွေဟာ သေနတ်ဒဏ်မှ လွတ်အောင်ရေထဲသို့ခုန်ချထွက် ပြေးခဲ့ရပြီး အချို့ကိုတော့ ရဲများက ကယ်ဆယ်လိုက်နိုင်ကြောင်း သိရပါသည်။

“အကြမ်းဖက်သမားတစ်ဦးဟာ အဝေးပစ်သေနက်ဖြင့် ကျည်ဆန်များကိုရက်စက်စွာပစ်လွှတ်ခဲ့ပြီး နှစ်သစ်ကူး အကြိုညမှာ ပျော်ရွှင်စွာဖြင့် အောင်ပွဲခံနေရကြတဲ့ အပြစ်မဲ့လူအုပ်ကြီးကို တိုက်ခိုက်ခဲ့ပါတယ်” လို့ မစ္စတာ Sahin က သတင်းထောက်များအား မြစ်ကမ်းအနီးရှိ Reina နိုက်ကလပ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်အား ပြောကြားခဲ့ပါ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly