အောက်က ပရိသတ်တွေ ထိန်းချုပ်ရင် Feel ကျဲတယ်ဆိုတဲ့ ဒီဂျေ စွမ်းထက်

အောက်က ပရိသတ်တွေ ထိန်းချုပ်ရင် Feel ကျဲတယ်ဆိုတဲ့ ဒီဂျေ စွမ်းထက်
 

ကျွန်တော် ပထမဆုံး ဒီဂျေစက်ကို စပြီး မြင်ဖူးတာ ၂၀၀၈ ခုနှစ် ၊ ဟစ်ဟော့ပ်MTV ထဲမှာ စပြီး မြင်ဖူးတာပါ။ ကျွန်တော် ဒီဂျေကစပြီး လုပ်တာကတော့  ၂၀၁၅ မှာ ဒီဂျေ သင်တန်းတက်ပြီး ဒီဂျေသင်တန်းဆင်းပြီး နောက်ပိုင်းမှာ မြူးဇစ်တွေလုပ်ရင်း၊  ပွဲတွေလုပ်ရင်း လုပ်ရင်းနဲ့  ဘယ်လိုရောက်လို့ ရောက်မှန်းမသိ ရောက်လာခဲ့တာပါ ဒီဂျေလောကထဲကို။ ကျွန်တော့်နာမည်က ဒီဂျေ စွမ်းထက် The Bass clipper ပါ။

ဒီဂျေကပေါ့နော်။ သီချင်းတွေ ဖွင့်ရတဲ့ Disc Jockey ပါ။ အရေးကြီးဆုံး အရာကတော့ အောက်က ပရိသတ်ရဲ့ ခံစားမှု အောက်က Crowds ရဲ့ အနေအထားကို နားလည်တတ်ဖို့ လိုအပ်ပါတယ်။ ဒီ Equipment တွေက တော်တော်လေးကို စျေးကြီးတယ်။ မြန်မာနိုင်ငံ အနေအထားနဲ့ မလိုက်နိုင်တဲ့ အနေအထားမျိုးတွေမှာ ရှိပါတယ်။ အခု ကျွန်တော် လက်တွေ့လုပ်မယ့် DJ Studio တစ်ခုကို သွားနေတာပါ။ ပွဲတွေရှိတယ်ဆိုရင် ကျွန်တော် အဲဒီ Studio မှာ သွားပြီးတော့ Practice လုပ်လေ့လုပ်ထရှိပါတယ်။

အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာပေါ့နော် ။  ဒီဂျေကို တော်တော်များများ နားလည်ထားကြတာက ဒီဂျေက တီးကြတယ်ပေါ့နော် ။ တကယ်တော့ ဒီဂျေက တီးတာ မဟုတ်ပါဘူး။ ဒီဂျေက အဲဒီလိုမျိုး သီချင်းတွေကို ဖွင့်ပြရတာပါ။ စျေးကွက်ပေါ့နော် ။  ဒီဂျေစျေးကွက်အကြောင်း ပြောပြရရင် ယောကျ်ားဒီဂျေနဲ့ မိန်းကလေး ဒီဂျေဆိုရင် မိန်းကလေး ဒီဂျေကို ပိုပေးကြတယ်ပေါ့နော်။ အဲဒီကိစ္စက ဘာ့ကြောင့်လဲတော့ ကျွန်တော်လည်း မသိဘူး။

ဒီဂျေလို့ ပြောလိုက်တာနဲ့ ဟာ ဒီကောင် ဆေးပေါ့ ။ မဟုတ်လည်း မိန်းမပေါ့ ။ အမျိုးသမီးကိစ္စ ဒါမျိုးတွေပဲ လိုက်စားတယ်လို့ လူကြီး တစ်ချို့တစ်ဝက် တော်တော်များများရဲ့ ဦးနှောက်ထဲမှာ အဲဒီ မက်ဆေ့ချ်ကြီးက ရောက်နေတယ်။ ဒါတကယ်တော့ ဒီဂျေတိုင်း မဟုတ်ပါဘူး။ သူတို့ Real artist လုပ်ချင်တာလား။ သူတို့ခံယူချက်နဲ့ သူတို့လျှောက်တဲ့လမ်းပေါ် မူတည်ပါတယ်။ ပြီးတော့ ဒီဂျေကို ထိန်းချုပ်တဲ့သူတွေ ရှိတယ်ပေါ့နော်။ ပြီးရင် Low လေး နည်းနည်း တင်ပါဦး။ High လေး နည်းနည်းတင်ပါဦး။  Mid လေး နည်းနည်းချပါဦးဆိုပြီး သူတို့က အောက်က လက်ဟန်ခြေဟန်နဲ့ ပြတဲ့ သဘောလေးတွေရှိတယ်။ အောက်က အဲ့ဒီလို ထိန်းချုပ်တာပေါ့နော်။ အနုပညာရှင်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဒီဟာကြီးကနည်းနည်း Feel ကျဲတယ်။ အခု ကျွန်တော် သီချင်းတွေတီးနေပါတယ်။ ကိုယ်ပိုင် Own tune တွေရော၊  Remix ပြန်လုပ်တဲ့ International of Vocal A Cappella တွေလည်း ကျွန်တော် ပြန်တီးနေတယ်။ အခု Home Studio ပေါ့နော်။ အိမ်မှာ Home Studio သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်လည်း ကျွန်တော်ကြိုးစားနေပါတယ်။ အနာဂတ်မှာပေါ့နော်။ ကျွန်တော် အင်တာနေရှင်နယ်အထိ ၊ Youtube ချန်နယ်တွေ ပေါက်ချင်ပါတယ်။ တစ်ချို့ Youtube ချန်နယ်တွေလည်း အီးမေးလ်ပို့ထားတာရှိပါတယ်ခင်ဗျ။ဘ ာမှလောလောဆယ်တော့ Reply မပြန်လာသေးပါဘူး။ သူတို့ Reply ပြန်လာတဲ့အထိ ကျွန်တော် ကြိုးစားမှာပါ။  မြန်မာနိုင်ငံကနေပြီးတော့ . အင်တာနေရှင်နယ်အထိ ပေါက်တဲ့ Electronic Music Producer DJ တစ်ယောက် ဖြစ်ချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly