၂၀၁၆ တွင် ရိုက်ကူးခဲ့သည့် စိတ်ဝင်စားစရာ ဓာတ်ပုံများ

၂၀၁၆ တွင် ရိုက်ကူးခဲ့သည့် စိတ်ဝင်စားစရာ ဓာတ်ပုံများ

၂၀၁၆ ခုနှစ်အတွင်း မဇ္စျိမ ဓာတ်ပုံဆရာများမှ ရိုက်ကူးထားသည့် စိတ်ဝင်စားစရာ အကောင်းဆုံး ပုံတစ်ချို့ကို ဖော်ပြလိုက်ရပါသည်။ ပုံများ၏ အကြောင်းအရာများကို ဓာတ်ပုံ တစ်ပုံချင်းစီအောက်တွင် ဖော်ပါထားပါသည်။

၂၀၁၅၊ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအများစုဖြင့် အစိုးရဖြစ်လာသည့်နောက်ပိုင်း NLD မှ  ပြုလုပ်ကျင်းပသည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ လာရောက်လည်ပတ်အများအပြားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂၀၁၆ ခုနှစ် ၊ သြဂုတ်လ ၃၁ ရက်က နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည့်မြင်ကွင်းအား တွေ့ရစဉ်။ အဆိုပါ ၂၁ ရာစု ပင်လုံ ညီလာခံသည် NLD အစိုးရတက်လာသည့် နောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၃ ရက်က ရန်ကုန်မြို့ နားနှာခေါင်းလည်ချောင်းဆေးရုံကြီးအတွင်းရှိ ဆောက်လက်စ တိုက် ပြိုကျမှုကြောင့် သေဆုံးသွားသည့် ဆောက်လုပ်ရေးအလုပ်သမား ရုပ်အလောင်းအား သယ်ဆောင်နေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးလုပ်သားများအားတွေ့ရသည်။ ရန်ကုန်မြို့အတွင်းရှိ ဆောက်လုပ်ရေးကဏ္ဍတွင် ဘေးကင်းလုံခြံုမှုနည်းသောကြောင့် အလုပ်သမားများ မကြာခဏသေးဆုံးမှု ဖြစ်ပေါ်လျှက်ရှိသည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ကျရောက်သည့် အာဇာနည်နေ့အခန်းအနားသို့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသည့် ခေါင်းဆောင်များအား တက်ရောက်ဂါရဝသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၉ ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်တွင် မိသားစုအလိုက် လေးဦးအသတ်ခံရသည့် ရဲအရာရှိဟောင်းမိသားစု ရုပ်အလောင်းများအား ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်က ရေဝေးသုသာန်တွင် မီးမသင်္ဂြီုလ်မှီ တွေ့ရစဉ်။ အဆိုပါ လေးလောင်းပြိုင်လူသတ်မှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ယခုအထိ အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။ ဓာတ်ပုံ - သူရ

ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့အား လာဘ်ပေးလာဘ်ယူမှုအသွင် ရေးထားသည့် ဆောင်းပါးကြောင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ Eleven Media Group မှ CEO ဒေါက်တာ သန်ထွဋ်အောင် နှင့် အယ်ဒီတာချုပ်တို့အား ပုဒ်မ ၆၆(ဃ) ဖြင့် တရားဆွဲပြီး ဖမ်းဝရမ်းထုတ်ပြီးနောက် တာမွေရဲစခန်းရှိ စခန်းမှူးမှ မီဒီယာသမားများနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-သက်ကို

၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ ၂၈ ရက်က ရန်ကုန်မြို့တွင် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဇီကာဗိုင်းရပ်စ် တွေ့ရှိသည်ဆိုသည့်နောက်ပိုင်း ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်းမှ ဦးဆောင်ပြီး ရန်ကုန်မြို့တွင် ရေဝပ်ပြီးခြင်ထူသည့်နေရာများကို အခမဲ့ ခြင်ဆေးမှုတ်နေသည့် မြင်ကွင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - သက်ကို

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly