ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးအား ဇနီးသည်နှင့် သူမ၏ချစ်သူရဲအရာရှိတို့ ပူးပေါင်းလုပ်ကြံသတ်ဖြတ်

ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးအား ဇနီးသည်နှင့် သူမ၏ချစ်သူရဲအရာရှိတို့ ပူးပေါင်းလုပ်ကြံသတ်ဖြတ်

ဒီဇင်ဘာ ၃၁ ။                 ။  ပျောက်ဆုံးနေခဲ့သော ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီးမှာ ၎င်း၏ ဘရာဇီးနိုင်ငံသူ ဇနီးသည်နှင့် သူမနှင့် ချစ်ကြိုက်နေသူ ရဲအရာရှိတို့၏ ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပြီဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုထုတ်ပြန်သွားသည်။

အသက် ၅၉ နှစ်ရှိ ဂရိသံအမတ် Kyriakos Amiridis မှာ ပြီးခဲ့သည့် တနင်္လာနေ့က Rio ပြည်နယ်မှ လူသတ်မှုဖော်ထုတ်ရေးအထူးဌာနခွဲမှ ရဲအရာရှိ Sergio Gomez Moreira က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကျူးလွန်မှုကို ကိုယ်တိုင်ဝန်ခံခဲ့ကြောင်း တာဝန်ရှိသူများက သတင်းရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

သံအမတ်ကြီး၏ အလောင်းကို ပြီးခဲ့သည့် ကြာသပတေးနေ့က မီးလောင်ထားသော ကားတစ်စီးအတွင်း တွေ့ရှိခဲ့ပြီး ယင်းမတိုင်ခင်က ၎င်း၏ ဇနီးဖြစ်သူက လူပျောက်တိုင်တန်းထားခဲ့ကြောင်းလည်း သိရသည်။

ယခု လူသတ်မှုကို အတူတကွ လျို့ဝှက်ကြံစည်ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီး၏ဇနီး အသက် ၄၀ အရွယ် Oliveira နှင့် အသက် ၂၉ နှစ်အရွယ် Moreira တို့က ၀န်ခံထွက်ဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly